\22\

7.3K 1.1K 30
                                    

[Unicode]

လျင်မြန်လွန်းတဲ့သတင်းထောက်များဟာ သင်တန်းကျောင်းရဲ့ဂိတ်ဝကို ပိတ်ဆို့နေခဲ့ပါပြီ။

ကျန်းချူရဲ့ကိုယ်ပိုင်နည်းလမ်းဖြင့်သာ ဖြေရှင်းရမယ်ဆိုရင်တော့၊ အရာရာအဆင်ပြေသွားမှာပါ။
သို့ပေမဲ့၊ ကျန်းချူမှာ အခြားသောရည်ရွယ်ချက်တွေရှိနေခဲ့သေးတယ်။
သက်တော်စောင့်အချို့ပါ ခေါ်လာခဲ့ပြီး၊ သင်တန်းကျောင်းရှေ့ရောက်ရောက်ချင်းကိုပဲ ကားတံခါးဆွဲဖွင့်လိုက်တယ်။

လင်းဖူရွှင်ဟာ ကားတံခါးကိုအမြန်ပြန်ပိတ်တယ်၊ သူ့အသံဟာလည်း စိုးရိမ်ပူပန်မှုများစွာဖြင့်။
"Mr.ကျန်း အခုထွက်သွားရင်၊ သတင်းခေါင်းစဉ်တွေက ပိုဆိုးသွားလိမ့်မယ်။ ယုယီကို ကျွန်တော်သွားခေါ်လာခဲ့ရင်ရော ဘယ်လိုလဲ?"

"တံခါးဖွင့်လိုက်"
ကျန်းချူအသံထဲတွင် 'အမိန့်သံ'ရောနှောလျက်။
"မလိုက်လာခဲ့နဲ့၊ ယုယီရဲ့အဖေကို အရင်ဆက်သွယ်ထားလိုက်။ ဘာလုပ်ရမလဲဆိုတာကတော့ မင်းသိပါတယ်"

လင်းဖူရွှင်က တားဆီး၍မရသောကြောင့်၊ ကားတံခါးကို ဖွင့်ဟပေးလိုက်တယ်။

ကားပေါ်မှကျန်းချူဆင်းလာချိန်...သားကောင်ကိုတွေ့မြင်သွားသည့်အလား ဝိုင်းအုံလာသောသတင်းထောက်များ။ ချွန်ထက်သောအမေးစကားများအား မေးမြန်းတယ်။

"Mr.ကျန်းက ဉာဏ်ရည်ချို့တဲ့သူကို အိမ်မှာချုပ်ထားတယ်ဆိုတဲ့သတင်းဟာ အမှန်ပါလား?"

"နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုပါလဲ?"

"Mr.ကျန်းက နောက်ခံအင်အားသုံးပြီး၊ ကောင်လေးကို အတင်းခေါ်ထားတယ်ဆိုတာနဲ့ပတ်သတ်ပြီး ဘယ်လိုတုံ့ပြန်ချင်ပါသလဲ?"

သက်တော်စောင့်တွေက ကျန်းချူကိုကာကွယ်ပေးထားတယ်။ ကျန်းချူကတော့ တစ်ချက်မျက်နှာမပျက်သွားပေ...မေးခွန်းတိုင်းအတွက် အဖြေတစ်ခုတည်းသာ ပြန်လည်ဖြေဆိုတယ်။

"အမှန်တရားကို မကြာခင်ချပြလာပါမယ်"

သင်တန်းကျောင်းထဲ ဝင်ရောက်နိုင်ချိန်မှာတော့၊ ဆရာမဟာ ကျန်းချူကိုပြေးကြိုဆိုတယ်။
ဒီလိုကိစ္စရပ်မျိုးက သင်တန်းကျောင်းလည်းမကိုင်တွယ်နိုင်ပါဘူး။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now