[Unicode]
ဆောင်းရာသီဟာ တစ်ဖန်ပြန်လည်ချဉ်းကပ်လို့လာခဲ့ပြီ။ ဆောင်းဦးရာသီရဲ့နောက်ပိုင်းကာလဟာ၊ အေးစက်သောလေထုများ တိုက်ခတ်တယ်။
ထိုကဲ့သို့သောရာသီဥတုကို ယုယီမကြောက်ပါဘူး။
ကျန်းချူအိမ်မှာမရှိတော့တာနဲ့၊ ဖန်လုံအိမ်ထဲ ဝင်ပြေးတယ်။ယုယီက 'အပင်စိုက်ခြင်း'ကို စိတ်ဝင်စားနေခဲ့တာ။
ဖန်လုံအိမ်ထဲမှာ အပူချိန်တစ်သမတ်တည်းထားပေးထားတယ်...ကျန်းချူက ယုယီပျော်ရွှင်အောင်လုပ်ပေးချင်ခဲ့တာပါ။လက်တွေ့ဆန်သော အပင်စိုက်ပျိုးခြင်း။
လွန်ခဲ့သော၂ရက်မှမျိုးစေ့များဟာ ယခုတော့အပင်ပေါက်လေးတွေ စတင်ထွက်ပေါ်နေပြီ။
ယုယီဟာ ညဘက်လည်းကောင်းကောင်းအိပ်မပျော်နိုင်ပေ၊ တစ်ရေးနိုးလာတာနဲ့ 'အပင်လေးတွေကို ဂရုစိုက်ရမယ်'ဟု အော်အော်ပြောတယ်။ကျန်းချူက ကျန်းအိမ်တော်ဆီ ညပြန်အိပ်နေတတ်ပြီ...ယုယီနဲ့ အတူအိပ်လေ့ရှိတယ်။
တစ်နေ့ရဲ့မနက်၃နာရီမှာ၊ နှစ်ယောက်သား ကုတင်ပေါ်မှထလာခဲ့ပြီး ဖန်လုံအိမ်ထဲရောက်သွားကျတယ်...အပင်တွေကို စစ်ဆေးကြည့်ရှုပြီးခါမှ၊ အိပ်ရာပေါ်ပြန်တက်ရတယ်။
ဖြစ်ရပ်တွေဟာ ရယ်ရခက်ငိုရခက်ပင်။
အခုဆို ပျိုးပင်ပေါက်လေးတွေဖြစ်လာပြီဆိုတော့၊ ယုယီဟာ ပိုလို့တောင်အငြိမ်မနေနိုင်တော့ဘူး။
နာရီဝက်ခြားတစ်ခါ ပြေးပြေးကြည့်တယ်။
ကျန်းချူရှေ့မှာဆိုရင် လိမ္မာသူလေးအဖြစ်ဟန်ဆောင်ပါတယ်...ကျန်းချူ အိမ်ကထွက်တာနဲ့၊ မျက်စိတစ်မှိတ်အတွင်း ယုယီပျောက်သွားပြီ။ဖန်လုံအိမ်နွေးနွေးလေးထဲ၊ ကိုယ်တိုင်ပျိုးထောင်ထားသော အပင်ငယ်လေးများကိုကြည့်ရှုတယ်။
ကျန်းချူ ကုမ္ပဏီမှပြန်လာသောတစ်နေ့၊ အန်တီကျိုးဆွဲခေါ်လာခဲ့တဲ့ 'ရွှံ့ရုပ်လေးယုယီ'ကို မြင်တွေ့လိုက်ရပါတယ်။
ယုယီခြေတွေလက်တွေဟာ ရွှံ့တွေပေကျံလို့...အပြုံးလေးကတော့ မူလမပျက်တောက်ပဆဲပင်။
ကျန်းချူကိုမြင်တော့၊ တစ်ကိုယ်လုံးဖြင့် ပြေးဖက်လာတယ်။ ကျန်းချူရဲ့အကောင်းစားဝတ်စုံပြည့်ကို ရွှံ့များပေရေစေပါတယ်။
YOU ARE READING
အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]
Short StoryTitle-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I translate this from Google translate.So pls forgive me if I have any mistakes!