\19\

7.3K 1.2K 48
                                    

[Unicode]

ယခုဆို၊ ယုယီရဲ့နေ့စဉ်ဘဝဟာ အချိန်ပြည့်အလုပ်များလို့နေပါပြီ။
အဘိုးကျန်းဆီသွားကာ အချိန်ကုန်ဆုံးပေးရတယ်၊ ရွှံ့စေးသင်တန်းလည်း တက်ရသေးတယ်။
ပိတ်ရက်တွေဆိုရင်တော့၊ အပြင်မထွက်တော့ဘဲ ကျန်းချူနဲ့သာအတူရှိနေတတ်တယ်။

ကျန်းချူရဲ့ကျန်းအိမ်တော်ဆီပြန်လာနှုန်းဟာလည်း တဖြည်းဖြည်းနဲ့ အကြိမ်ရေများလို့လာပါပြီ။
တစ်ခါတစ်လေ အလုပ်ဆင်းချိန်မှာ၊ သင်တန်းကျောင်း သို့မဟုတ် ဘိုးဘွားရိပ်သာမှယုယီကို သွားကြိုတယ်...ထို့နောက်မှာတော့၊ အိမ်တော်ဆီအတူပြန်လေ့ရှိတယ်။

ဆရာမက ယုယီကို ရွှံ့ရုပ်လုပ်နည်းနောက်တစ်မျိုး သင်ပေးထားတယ်။ အကိုင်းအခက်တွေ သစ်ရွက်တွေကင်းမဲ့သော ပန်းနုရောင်နှင်းဆီပန်းလေးပါ။

ယုယီတတ်မြောက်သွားစေဖို့ အချိန်လဝက်ယူလိုက်ရတယ်။ ဆရာမက 'ဒီပန်းက ကိုယ့်ရဲ့အရေးအကြီးဆုံးလူကို ပေးသင့်တယ်'လို့ ပြောခဲ့တယ်။

ကျန်းချူကို ပေးရမလား? အန်တီကျိုးကိုလား?
ယုယီစိတ်ထဲ လွန်ဆွဲနေတယ်။

သင်တန်းကျောင်းက ထွက်လာတော့၊ သူ့ကိုလာကြိုတဲ့ကျန်းချူကို မြင်မိသွားတယ်...လွန်ဆွဲမှုတွေ ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီ။

နှင်းဆီပန်းထည့်ထားတဲ့ သစ်သားဗူးလေးကိုပိုက်လျက်၊ ယုယီဟာ ကျန်းချူဆီအမြန်ပြေးလာတယ်။
ကျန်းချူက ယုယီကိုလှမ်းထိန်းပေးရတယ်။

ရာသီဥတုက နွေးထွေးရာမှ ပူသည့်ဘက်ပြောင်းခါဆဲဆဲပင်။ ယုယီမျက်နှာလေးဟာ ပြင်းပြတဲ့နေရောင်အောက် ချွေးအနည်းငယ်တင်ရစ်နေတယ်။
သူ့အပြုံးတွေကတော့ နေမင်းကြီးထက်တောင်မှ ပိုမိုတောက်ပနေခဲ့ပါတယ်။

နှင်းဆီပန်းကို ကျန်းချူရှေ့ထုတ်ပြတယ်...အဖိုးတန်ရတနာလေးကို ဆက်သနေသည့်အလား။

သူ့ပန်းလေးကို ကျန်းချူသဘောမကျမှာ စိုးရိမ်မိပြန်တယ်။ ထို့ကြောင့်ပဲ၊ ရွှံ့စေးနှင်းဆီပန်းငယ်ကို အမွှမ်းတင်နေပါတော့တယ်
"ပန်းလေးက အရမ်းလှတယ်။ တကယ်လှတာ! ကျွန်တော် သေချာလုပ်ထားတယ်၊ ဆရာမက ကျန်းချူကိုပေးခိုင်းတယ်"

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now