Part 7(zawgyi)

99 17 2
                                    


နန်း : ဒီမှာဘယ်အချိန်ထိကြည့်နေမှာလဲချပေးအုံးလေ

ဖြောင်း........ (ပါးမရိုက်ဘူးနော်)

နန်း : ဟာ ရှင်ဘာလုပ်တာလဲ

သီရိ : ဘာလုပ်လို့လဲမင်းဘဲချပေးဆိုလို့လေ

နန်း : ကျမကကျမကိုအောက်ချပေးလို့ပြောတာလေတင်ပါးကိုချခိုင်းတာမှမဟုတ်တာရှင်ယောကျာ်းကြီးဖြစ်ပြီးမိန်းကလေးတင်ပါးကိုရိုကိစရာလားနှာဘူးကောင်ရဲ့အဟားဒီရှေးခေတ်မှာလည်းဒီလိုနှာဘူးတွေရှိသေးတာဘဲ

သီရိ : နှာဘူးကောင် ယောကျာ်းလေး ဟေးမင်းတစ်ခုခုမှားနေပြီထင်တယ်နော်

နန်း : ရှင်ကယောကျာ်းမဟူတ်ဘူးလားဘာလဲအခြောက်လား

သီရိ : ဟေးဟေးကိုယ်ကမိန်းကလေးပါ

နန်း : ဟမ်

သီရိ : ပြီးတော့မင်းကဒီမှာဘာလုပ်နေတာလဲနံရံခွတက်နေတာဘာလဲပစ္စည်းခိုးမလို့လား

နန်း : ခိုးစရာလားရှင့်ဒါကျမအိမ်ခိုးတာမဟုတ်ဘူးထွက်ပြေးတာ

သီရိ : ဘာလို့လဲ

နန်း : ဘာဖြစ်ရမှာလဲအမေတို့ပေါ့အတင်းမိန်းမပေးစားနေလို့လေပေးစားတော့လည်းဘုရင်မတဲ့လေ

သီရိ : အဲ့ဒါမကောင်ဘူးလားမင်းတိုင်းပြည်ရဲ့မိခင်တောင်ဖြစ်အုံးမှာလေ

နန်း : မဖြစ်ချင်ပါဘူးဇာတ်ကားတွေထဲမှာဆိုအဆိပ်ခတ်ခံရတာနဲ့ချောက်တွန်းခံရတာနဲ့ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲပြီးတော့ဒီနားလာကျမတိုးတိုးလေးပြောပြမယ်

သီရိ : ဘာများလဲ

နန်း : အဲ့ဘုရင်မကရုပ်ဆိုးတယ်တဲ့ပြီးတော့အားနေလူဘဲသတ်နေတာတဲ့ကျမလိုပုံမျိုးနဲ့သူနဲ့တွေ့ရင်မင်္ဂလာပွဲမှာတင်ခေါင်းဖြတ်ခံရကိန်းရှိတယ်ကျမမသေချင်သေးဘူးမုန့်တွေစားချင်သေးတယ်သေရင်တောင်ကျမကလှလှလေးဘဲသေချင်တာ

သီရိ : မင်းကဒီလောက်ချစ်စရာကောင်းတာဘုရင်မကလည်းချစ်မှာပါခေါင်းမဖြတ်လောက်ပါဘူး

နန်း : ရှင်ကဘုရင်မမို့လို့လားမဟုတ်မှသူ့ကိုယ်ရံတော်လားဟုတ်လား

❤️Love is Love❤️Donde viven las historias. Descúbrelo ahora