Part 17 (final) (zawgyi)

342 12 0
                                    

သွယ်လေး : ဝါးလှလိုက်တာငါတို့မိဖုရားက

နန်း : မြှောက်နေပြန်ပါပြီ

သွယ်လေး : တကယ်ပါနော်မိဖုရားကအချောဆုံးဟုတ်တယ်မလားအထိန်းတော်ကြီး

အထိန်းတော် : မှန်ပါတယ်

နန်း : ဟုတ်ပါပြီ သွား.......အ

တီ တီ တီ...............

သမီးလေးရေပြန်လာခဲ့ပါကွယ်

သွယ်လေး : မိဖုရားဘာဖြစ်တာလဲဟင်မိဖုရား

အထိန်းတော် : မိဖုရားအဆိပ် အဆိပ်မိတာလား

သွယ်လေး : ဟင်မဖြစ်နိုင်ပါဘူးမိဖုရားဘာမှမစားရသေးဘူးလေ

နန်း POV : ဘာလဲဒီအသံတွေကငါ့ကိုဘသူခေါ်နေတာလဲရင်ဘတ်ကဘာလို့အဲ့လောက်နာနေရတာလဲအသက်ရှူကြပ်လာသလိုဘဲ အ......ဘာလဲငါပြန်ရတော့မှာလားဟင့်အင်းမပြန်ချင်သေးဘူးသူ့ကိုတစ်ခါလောက်တော့တွေ့ချင်သေးတယ်

သွယ်လေး : မိဖုရားသတိထားပါအုံး

နန်း : ရတယ် အဆင်ပြေတယ်ဒီတိုင်းရင်ဘတ်အောင့်သွားလို့ပါ

အထိန်းတော် : မဖြစ်ပါဘူးမိဖုရားသမားတော်ခေါ်.....

နန်း : အားလုံးပွဲတော်အတွက်အလုပ်ရှုပ်နေကြတာမခေါ်ပါနဲ့သက်သာသွားပါပြီသွားရအောင်

သီရိ : ယုန်ဖြူလေးပြင်ဆင်ပြီးပြီလား

နန်း : ပြီးပါပြီရှင်

သီရိ : ယုန်ဖြူလေးနေမကောင်းဘူးလားဖြူဖပ်ဖြူလျော်နဲ့အဆင်ပြေရဲ့လား

နန်း : ပြေပါတယ်အရှင်ရယ်စိတ်မပူပါနဲ့သွားကြမယ်လေ

သီရိ : ပွဲအတွင်းမှာကိုယ့်နားဘဲရှိနေပေးနော်ကို့နားကနေတစ်ဖဝါးမှမခွာပါနဲ့

နန်း : စိတ်ချပါအရှင်ရယ်

နန်း POV : ဒီကတိကိုတည်နိုင်ပါ့မလားအရှင်ရယ်မသွားခင်လေးတော့ရင်နှင့်အမျှချစ်ရကြောင်းတွေပြောသွားချင်ပါတယ်မရှ်တော့တဲ့အခါလည်းငိုမနေစေချင်ပါဘူး

သီရိ : ယုန်ဖြူလေးဘာတွေတွေးနေတာလဲ

နန်း : မတွေးပါဘူးကျမရဲ့အရှင်ကဒီလောက်ထိကျက်သရေရှိပြီးချောမောနေမယ်လို့မထင်ထားလို့ပါ

❤️Love is Love❤️Où les histoires vivent. Découvrez maintenant