🍓1🍓

2.3K 141 13
                                    

[For Unicode]

(ယွန်းဂီ)

လွန်ခဲ့သော ၃ နှစ်

ဒီနေ့ ကျွန်တော်သူ့ငယ်ချင်းတွေနဲ့ ကျွန်တော် ဘယ်အဆင့်လဲဆိုတာ သိရတော့မည်။ အဲ့ဒါ‌
တွေကို ကျွန်တော် သေချာတော့နားမလည်ပေမယ့် ကျွန်တော်ကဘာလဲဆိုတာ သိရဖို့ မစောင့်နိုင်တော့။

ကျွန်တော် ဖယ်ရီပေါ်မှဆင်းပြီး အိမ်ထဲပြေးဝင်ချိန် အမေက ကျွန်တော့်ကိုဆီးကြိုကာ ဖက်ပြီးငိုတော့သည်။ အမေဘာကြောင့် ကျွန်တော့်ကို အဲ့လိုအပြုအမူပြလဲဆိုတာ နားမလည်နိုင်။

“မေမေ ဘာဖြစ်လို့လဲ?” ကျွန်တော်မေးတော့ အမေက ကျွန်တော့်ကိုဖက်နေရာကနေ ဖယ်လိုက်ပြီး ဝမ်းနည်းသနားနေ‌တဲ့အကြည့်တွေနဲ့ ကျွန်တော့်ကို ကြည့်သည်။

သူမက လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ထားတဲ့စာရွက်ကို ကြည့်ရင်း စကားစတင်ပြောလာသည်။

“ယွန်းဂီ.. မေမေ့သားလေး... သားလေးရဲ့အဖြေကို စာတိုက်ကနေရလာပြီ” ဒါပေမယ့် သူမအသံက တုန်ယင်နေသည်။ သူမဖြည်းဖြည်းချင်း ကျွန်တော့်ဆီကို စာရွက်ကမ်းပေးသည်။ ကျွန်တော်ကြေမွနေပြီဖြစ်တဲ့ စာရွက်ကို ပြန်ဖြေလိုက်ပြီး ရေးထားတဲ့စာတွေကို သေချာဖတ်တော့ အမဲရောင်စာလုံးနဲ့ထင်းနေအောင်ပြထားတဲ့နေရာကို သတိထားမိသွားသည်။

အိုမီဂါ

ကျွန်တော် သူမကို စိတ်ရူပ်‌သွားတဲ့အမူအရာနဲ့ ကြည့်လိုက်တော့ သူမပါးပြင်ပေါ်မျက်ရည်တွေ ကျဆင်းလာပြန်သည်။

“တောင်းပန်ပါတယ် မေမေ တောင်းပန်ပါတယ် မေမေ့သားလေး ဒီအရာနဲ့လုံးဝမထိုက်တန်ဘူး ဒီလိုမျိုးလုံးဝမဖြစ်သင့်ဘူး”

ကျွန်တော် တကယ်စိတ်ရူပ်‌သွားသည်။ အိုမီဂါက ဘာဖြစ်လို့လဲ။ ကျွန်တော်က တစ်ခုခုမဟုတ်တာ လုပ်မိလို့လား။ အမေကကော ဘာဖြစ်လို့တောင်းပန်နေရတာလဲ။

နောက်တနေ့မနက်ရောက်တော့ ကျွန်တော် စိတ်ပူပန်မှုများစွာနဲ့ ကျောင်းသွားခဲ့သည်။ အမေက အိုမီဂါနဲ့ပတ်သတ်တဲ့ကိစ္စမှန်သမျှကို ရှင်းပြပြီး ပတ်ဝန်းကျင်က အိုမီဂါဆို နှိမ့်ချဆက်ဆံတတ်တာတွေကိုပါ ပြောပြသည်။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို မခင်တော့မှာကို မလိုချင်။ ရှောင်ကြဉ်ကြမှာကို မလိုချင်။ ကျောင်းဝန်းရှေ့ရောက်တော့ကျွန်တော် ပုံမှန်ပဲ သူတို့ဆီ ‌သွားလိုက်သည်။

The Truth ɑbout StrɑwberryWhere stories live. Discover now