🍓18🍓

365 57 19
                                    

[For Unicode]

sometimes second place deserve so much more

“ချွဲယောန်ဂျွန်း ထွက်လာပြီ”

ထယ်ယောင်းနဲ့ C.S ဖုန်းပြောနေရင်း ချွဲယောန်ဂျွန်း အိမ်အပြင်ထွက်လာမယ့်အချိန်ကို စောင့်နေသည်။

“အိုခေလေ အကုန်ရှင်းတယ်မလား”

“ရှင်းတယ်”

C.S တည့်တည့်ပစ်လိုက်တဲ့ မြင်ကွင်းရှေ့၊ ရုတ်တရက် ယွန်းဂီက နေရာယူသွားသည်။

ထယ်ယောင်း ကမ္ဘာလေး ချက်ချင်းပဲ ပြိုလဲသွားတော့သည်။ ယောန်ဂျွန်းက အရုပ်ကြိုးပြတ်ဖြစ်သွားတဲ့ ယွန်းဂီကိုဖက်ပြီး အော်ဟစ်နေသည်။

“သဲ..သဲ...သတိထားပါဦး မျက်လုံးလေးဖွင့်ကြည့်ပါဦး!”

“ယွန်းဂီ..!!!” ထယ်ယောင်းအပြေးရောက်လာခဲ့သည်။

“ယွန်းဂီ..ယွန်းဂီ သတိထားပါဦး ကို့ကိုကြည့်ပါဦး”

ယောန်ဂျွန်းက ထယ်ယောင်းကို တွန်းထုတ်လိုက်သည်။

“မင်း...မင်း လုပ်တာမလား ငါ့ သဲကို မင်းလုပ်တာမလား!!!” ထယ်ယောင်းနည်းတူ ယောန်ဂျွန်းလဲ အရူးတစ်ယောက်လိုပင်။

“မဟုတ်....မဟုတ်ဘူး ငါမလုပ်ဘူး အဲ့ဒါက မင်း...မင်းကို”

“လက်မြှောက်လိုက်!!”

ရဲအမြောက်အမြားက ထယ်ယောင်းကို သေနတ်
တွေနဲ့ ဝိုင်းချိန်ကြသည်။

“မလှုပ်နဲ့!”

“ဘာလဲ ကျွန်တော်...ကျွန်တော် မဟုတ်ဘူး”

“မင်း ခုနကပြောတာတွေ ငါတို့ကြားတယ် ဟုတ်ဟုတ်မဟုတ်ဟုတ် မင်းက ဒီအနားမှာ မသင်္ကာတဲ့လူပဲ မင်းပြောချင်ရင် ရှေ့နေဌားပေါ့ဟုတ်ပြီလား သူ့ကို ခေါ်သွားကြတော့!”

ရဲနှစ်ယောက်က ထယ်ယောင်းအနားလာကာ လက်ထိပ်ခတ်လိုက်သည်။

“မဟုတ်ဘူး ငါ မဟုတ်ဘူး ယွန်းဂီကို ငါမသတ်ဘူး မင်းတို့ မှားနေပြီ ယွန်းဂီ ယွန်းဂီအနားမှာ ငါရှိချင်တယ် ယွန်းဂီ!”

ယွန်းဂီကို လူနာတင်ယာဉ်ထဲ သယ်ပြီး ခေါ်သွားတော့သည်။ ထယ်ယောင်း အခုမှ ယွန်းဂီဖြစ်တာ သူ့ကြောင့်ဆိုပြီး သူ့ကိုယ်သူ အပြစ်တင်နေသည်။

The Truth ɑbout StrɑwberryWhere stories live. Discover now