🍓13🍓

418 59 6
                                    

[For Unicode]

(ယောန်ဂျွန်း)

ကျွန်တော့်အစ်ကိုရဲ့ စိတ်ထဲမှာ တစ်ခုခုကြံနေတယ်ဆိုတာ ကောင်းကောင်းကြီးသိတယ်။ အခုလိုနားနဲ့ဆက်ဆက်ကြားလိုက်ရလို့ ထူးဆန်းစရာမရှိတော့။

သတ်မယ်ဆိုလည်း သတ်ပေါ့

ဒါပေမယ့် ဒီပွဲမှာ အောင်နိုင်သူက ဘယ်သူလဲဆိုတာ မကြာခင်သိရတော့မှာပဲ

အမှန်တော့ ကျွန်တော်လည်း ‌ကျွန်တော်နဲ့ သွေးသား‌တော်စပ်တဲ့သူနဲ့ မပြိုင်ချင်ပေမယ့် အခုကိစ္စကိုတော့ ထယ်ယောင်းလိုပဲ ကျွန်တော်လည်း လက်မခံနိုင်။

ကျွန်တော့်အချစ်လေ....

ကျွန်တော် ငယ်ငယ်လေးကတည်းက အ‌မေက မိုးလင်းကနေ မိုးချုပ်စီးပွားရှာနေတာ။ အခုချိန်အထိ ကျွန်တော်က အမေနဲ့ မနက်စာ အတူတူမစားဖူးဘူး။ အိမ်ဖော်နဲ့ပဲ ကျွန်တော့်ငယ်ဘဝကို ဖြတ်သန်းခဲ့ရ‌တယ်။ ဒါပေမယ့် အဲ့ဒါ ပါမွှားလေးပါပဲ။ ကျောင်းအပ်တဲ့အချိန်ကော ဘာထူးလို့လဲ မိသားစုရှေ့နေနဲ့ပဲ ကျောင်းအပ်ရတယ်။ အုပ်ထိန်းသူမပါဘဲ ကျောင်းအပ်ခြင်းပေါ့။

ငယ်ငယ်လေးကတည်းက ချွဲ‌ယောန်ဂျွန်းဆိုတာ နာမည်ကြီးပဲ။ ပြသာနာရှာလိုက် ဖုံးဖိလိုက်ပဲ။ အဲ့ဒါကလည်း အမေ့ကျေးဇူးကြောင့်ပဲပေါ့။ ငွေက အရာရာကို ခြယ်လှယ်နိုင်တယ်လေ။ အကုန်လုံးက peace ပဲ။

ပြောချင်တာက ချစ်ခြင်းမေတ္တာကို ကယ်လီဖိုးနီးယားမှာ လုံးဝရှာမတွေ့ခဲ့ဘူး

သတ်ဖြတ်ရိုက်ပုတ်ပြသာနာရှာတာတွေပဲ ကျွန်တော့်ဘဝမှာ ပြည့်နှက်နေတာလေ ချစ်သူထားဖို့ မပြောနဲ့ တစ်ယောက်မှ ကျွန်တော့်မျက်လုံးထဲ ဝင်မဆံ့ခဲ့ဘူး

ကျွန်တော့်လို လူဆိုးကလည်း အချစ်ကို လုံးဝအယုံအကြည်မရှိခဲ့ဘူး

ဒါပေမယ့် ကိုရီးယားရောက်တော့ အချစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ခံစားမိလာတယ်

ကိုရီးယားကို စရောက်တော့ ‌ဒေါ်လေးဆီ အရင်ဆက်သွယ်ဖြစ်တယ်လေ။ ဒေါ်လေးစကားသံကို ဖုန်းထဲကြားကြားရချင်း အမေ့ကိုတောင် သတိရမိတယ်။ ‌ဒေါ်လေးက အိမ်ကိုပဲတန်းလာလို့‌ ပြောပေမယ့် ဝန်ပိမှာစိုးလို့ ‌နောက်ရက်မှ လာမယ်လို့ပဲပြောလိုက်တော့တယ်။ နောက်တစ်ရက်လည်း လူကိုယ်တိုင်မသွားသေးဘဲ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ကာ အိမ်ပြောင်းရွေ့ရေးသမားတွေကိုပဲ ဌားပြီး ပို့ခိုင်းလိုက်တော့တယ်။

The Truth ɑbout StrɑwberryWhere stories live. Discover now