🍓2🍓

1K 130 16
                                    

[For Unicode]

(ထယ်ယောင်း)

ယခုလက်ရှိ ၁၈ နှစ်

ယွန်းဂီအခုတလော ထူးဆန်းနေသည်။ သူ့ကြည့်ရတာ စိတ်နဲ့လူနဲ့မကပ်သလိုပဲ။သူ မပြော‌ပေမယ့်တစုံတစ်ခုက သူ့ကို နှောင့်ယှက်နေတယ်ဆိုတာ
ကျိန်းသေနေပါပြီ။ သူ့ကိုမေးမှရတော့မည်။ မမေးမိရင် ကျွန်တော့်စိုးရိမ်စိတ်တွေက အချိန်အတော်ကြာအထိ ပျောက်သွားမှာမဟုတ်ဘူးဆိုတာသိသည်။

ယွန်းဂီဆီသွားရင်း ယွန်းဂီနဲ့ အိုမီဂါတွေစကားပြောနေတာကိုတွေ့လိုက်ရသည်။

“ဟေးး အမ်...ခဏလောက် ယွန်းဂီကို ခေါ်သွားလို့ရတယ်မလား?”ကြားဖြတ်ဝင်ပြောမိသည်။

အိုမီဂါတွေက ကျွန်တော့်ကို သဘောကျတဲ့မျက်လုံးတွေနဲ့ ရုတ်တရက် စိုက်ကြည့်ကြသည်။ ယွန်းဂီမျက်နှာမှာတော့ မေးခွန်းတွေအပြည့်နဲ့။

“အင်း...ရတယ်...ခေါ်သွား...ခေါ်သွားပါ” သူတို့ထဲကတစ်ယောက်က စကားအထစ်အထစ်နဲ့ ပြန်ဖြေ သည်။ ကြည့်ရတာ ကျွန်တော့်ကိုကြောက်နေတာလားမသိ။

“ကျေးဇူးပဲ”

သူတို့ထွက်သွားတာတောင် ယွန်းဂီက ကျွန်တော့်ကို စိတ်ရူပ်နေတဲ့အမူအရာနဲ့ ဆက်ကြည့်နေ     ပြန်သည်။

“မင်း ဘာပြောချင်လို့လဲ ထယ်ယောင်း?”

“မင်း နေကောင်းရဲ့လား မင်းတစ်နေ့လုံး ပျောက်နေတာ” သူ့ကိုမေးတော့ သူ့ဆီကနေ စိုးရိမ်နေတဲ့မျက်နှာအမူအရာကိုသာ ပြန်ရလိုက်သည်။

“မဟုတ်...မဟုတ်ဘူး ငါအဆင်ပြေပါတယ်”

“မင်းကြည့်ရတာ အဆင်မပြေတဲ့ပုံပဲ”

“အေး ငါတစ်ခုခုဖြစ်နေတာ နောက်မှ မင်းနဲ့ ဟိုကောင်တွေကို သေချာရှင်းပြမယ်” သူက ရှက်သွေးဖြာနေတဲ့အမူအရာနဲ့ ထပ်ပြောပြပြန်သည်။ နားမလည်နိုင်တော့။

ဘယ်တုန်းက ယွန်းဂီ စကားပြောရင်းနဲ့ ရှက်တက်သွားတာလဲ.....

“အိုခေပါ အဲ့ဒီလောက်ထိ အဲ့ဒီကိစ္စကို ခေါင်းထဲမထည့်ထားနဲ့နော် မင်းပြောချင်လာရင် ငါ့ကိုပြော အချိန်တိုင်းမင်းအတွက် ငါ အမြဲတမ်းရှိတယ်”

The Truth ɑbout StrɑwberryWhere stories live. Discover now