[For Unicode]
(ထယ်ယောင်း)
"ပြန်ရောက်ပါပြီ"
"သား ပြန်လာပြီလား အမေစောင့်နေတာ"
"ဟုတ် အမေ ဒါနဲ့ အမေ ဘာလို့ အလုပ်ကနေစောစောပြန်လာတာလဲ?"
"မေ့ပြန်ပြီလား သား မင်းညီရောက်နေပြီလေ"
"ဟုတ်လား သူအခုဘယ်မှာလဲ?"
"ရေသွားချိုးနေလေရဲ့ အော် ဟိုမှာ ပြောရင်းဆိုရင်းဆင်းလာပြီ ယောန်ဂျွန်းလေး လာဦး မင်းအစ်ကိုနဲ့ ဒေါ်လေးမိတ်ဆက်ပေးမယ်"
ယောန်ဂျွန်း
ယောန်ဂျွန်း!!!
ငါ သတ်မယ့် ချွဲယောန်ဂျွန်းဆိုတာ
ငါ့...
ငါ့ညီလား
ငါ့ညီဖြစ်နေတာလား?
"ဟိုင်း တွေ့ရတာထပ်ဝမ်းသာတယ်နော် အစ်ကို"
ယောန်ဂျွန်းက မျက်နှာဖုံးတပ်ထားတဲ့အလား ပြုံးရွှင်ကာနှုတ်ဆက်ပြလေရဲ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့လိုမျိုး မပြုံးပြနိုင်သလို ဘာစကားမှလည်း မထွက်လာခဲ့။
"သား ဘာကြောင်နေတာလဲ မင်းညီကို ပြန်နှုတ်ဆက်လိုက်လေ"
အမေက ကြားဝင်ဖြတ်လေရဲ့။ ကျွန်တော် ဒီတခါလည်း ဘာစကားတစ်ခွန်းမှ ထွက်မလာခဲ့။
အသက်ရူလို့မရပဲဖြစ်လာသည်။ ရင်ဘတ်တစ်ခုလုံး အစိုင်အခဲတွေနဲ့ ပြည့်ကျပ်နေသလိုမျိုး.....
ပြီးတော့ မျက်နှာပါ ဖြူဖပ်ဖြူရော်ဖြစ်လာသည်။"သား အဆင်ပြေရဲ့လား နေမကောင်းဘူးလား?"
အမေက ကျွန်တော့်နဖူးပေါ် လက်တင်ကာစမ်းသည်။ အမေ့လက်ကို ဖယ်ကာ ကျွန်တော့်အိပ်ခန်းရှိရာဆီသာ ပြေးတက်သွားမိသည်။ ကျန်ခဲ့တဲ့အမေ့ရဲ့ မျက်နှာပေါ်ကအမူအရာကို သိလည်းမသိချင်တော့။
အိပ်ခန်းထဲရောက်တော့ တွေ့သမျှ ပစ္စည်းတွေကို ရိုက်ခွဲမိသည်။ အခုလိုမျိုးတွေ လုပ်နေတာက အရူံးသမားတစ်ယောက်အတိုင်းပဲ။
![](https://img.wattpad.com/cover/306637989-288-k35704.jpg)
YOU ARE READING
The Truth ɑbout Strɑwberry
Fanfic"မင်းရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီ ငါ့ရဲ့ အိုမီဂါလေး...." "မင်းရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီ ငါ့ရဲ့ အိုမီဂါလေး...." [1st TaeGi Fanfics] 🍓feat : skz,txt