[For Unicode]
(ထယ်ယောင်း)
"သားရေ ထယ်ယောင်းလာတယ်"
"ကျွန်တော်နေလို့မကောင်းဘူး မေမေ မနက်ဖြန်ကျမှ ပြောမယ်လို့ ပြောပေးပါ!"
ကျွန်တော် ယွန်းဂီရဲ့အခန်းဆီ ဝုန်းဒိုင်းကြဲတက်သွားကာ တံခါးကို ဆွဲဖွင့်လိုက်သည်။ ယွန်းဂီက ဒေါသထွက်ပြီး အော်သည်။
"ငါ မနက်ကျမှ ပြောမယ်လို့ပြောတယ်မလား!"
"ကို့ကို မအော်နဲ့ ယွန်းဂီ မင်းဘာလို့ ပြောချင်ရာပြောပြီး ထွက်သွားရတာလဲ?"
"ဒီအတိုင်း ဒီအတိုင်း ဆက်တိုက် ဒီလိုကြီးပဲ ဖြစ်နေမယ်ဆိုရင် ငါ မင်းကို မုန်းမိတော့မယ်ထင်တယ်"
"မင်း ကို့ကို ချစ်ကော ချစ်ခဲ့ရဲ့လား?"
"စကားကို မဆင်မခြင်မပြောနဲ့ မင်းက ငါနဲ့ ပတ်သတ်သမျှ အရာအားလုံးကိုထိန်းချုပ်ချင်တယ် မင်းတစ်ယောက်တည်း ပိုင်ဆိုင်ချင်တယ် ငါက မင်းရဲ့ ကစားစရာအရုပ်မဟုတ်ဘူး ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ"
"အဲ့ဒါဆိုရင် ကိုရော ကို ဘယ်လိုခံစားနေရလဲဆိုတာ မင်းသိလား ဘာလို့ ကို မဟုတ်ရတာလဲ ကို့ကို နည်းနည်းလောက်ကြည့်ပေးလို့မရဘူးလား"
ချစ်ရသူဆီကနေ ဘာစကားသံမှ ထွက်မလာ....
"ကိုလည်း နာတတ်တယ်လို့ ကို့ရဲ့ခန္ဓာကိုယ်က မနာပေမယ့် နှလုံးသားကနာတယ် မင်းရှေ့မှာ သူများတွေထက် သန်မာချင်ယောင်ဆောင်ပေမယ့် ကို့နှလုံးသားက ဆယ်ဆ အဆတစ်ရာမက ပိုနာတယ်"
သူ့ရဲ့ သူစိမ်းဆန်လွန်းတဲ့အကြည့်တွေကနေ ဘာမှ ပြန်မရတော့မှာ သိသည်။ တုံ့ပြန်မှုအနေနဲ့ သူ့ရဲ့ သက်ပြင်းချသံကို ကြားရသည်။
ယွန်းဂီရဲ့ သက်ပြင်းချသံတွေကြားတိုင်း စိတ်ပင်ပန်းရတယ်
အဲ့ဒီလေးလံလှတဲ့ မင်းရဲ့ သက်ပြင်းချသံတွေကို ကိုက ဘယ်လိုလုပ် ရေတွက်နိုင်ပါ့မလဲ သကြားခဲလေးရယ်
အခုတော့ လုပ်ရမှာ တစ်ခုတည်းရှိသည်။
ကင်မ်ထယ်ယောင်း မပိုင်ဆိုင်ရရင် ဘယ်သူမှလဲ မပိုင်ဆိုင်ရဘူး
YOU ARE READING
The Truth ɑbout Strɑwberry
Fiksi Penggemar"မင်းရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီ ငါ့ရဲ့ အိုမီဂါလေး...." "မင်းရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီ ငါ့ရဲ့ အိုမီဂါလေး...." [1st TaeGi Fanfics] 🍓feat : skz,txt