🍓9🍓

619 71 30
                                    

[For Unicode]

စာရေးသူ

ထယ်ယောင်းလက်မောင်းပေါ်ခေါင်းတင်အိပ်နေတဲ့ ယွန်းဂီနိုးလာခဲ့သည်။ အိပ်ပုတ်ကြီးနေဆဲဖြစ်တဲ့ထယ်ယောင်းရဲ့နှာခေါင်းထိပ်လေးကို ယွန်းဂီသူ့လက်ညိုးလေးဖြင့် ဖွဖွလေးထိလိုက်တော့ ထယ်ယောင်းဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့သည်။

"အိပ်လို့ကောင်းရဲ့လား?"ထယ်ယောင်းကနေ စတင်ကာပြောလိုက်သည်။

"အွန်း မင်းကော?"

"မင်းနဲ့အတူတူရှိနေတာပဲကွာ ကို လိမ်မပြောတတ်ဘူး အကောင်းတကာ့အကောင်းဆုံးပဲ"

ထယ်ယောင်းပြောပြီး ယွန်းဂီနဖူးလေးကို နမ်းလိုက်သည်။

"အခုကော နေလို့ကောင်းသွားပြီလား?"

"မနေ့ညက ပြီးသွားပြီထင်တာပဲ"

"ဒါက သတင်းကောင်းပဲ" ယွန်းဂီနဖူးကို ထယ်ယောင်းနောက်တစ်ခါ နမ်းပြန်သည်။ ထိုအနမ်းကြောင့်ယွန်းဂီပြုံးမိသလို ယွန်းဂီရဲ့အမူအရာလေးကို မြင်တဲ့ထယ်ယောင်းကလည်း အသက်ရူဖို့တောင် မေ့သွားရှာသည်။

"ဒါနဲ့ကိုတို့ မင်ဟိုနဲ့ ဟျွန်းဂျင်ကို ပြောရတော့မယ်ထင်တယ် သူတို့မင်းနေမကောင်းဖြစ်နေတာကို မယုံကြတော့ဘူး မင်းအိမ်လာမယ်လို့ပဲခဏခဏပြောနေတယ်"

"ငါသိပါတယ် ငါပြောပြရမယ့်အချိန်ရောက်ပြီဆိုတာ ဒါနဲ့ မသိလို့မေးပါဦးမယ် မင်ဟိုနဲ့ဟျွန်းဂျင်ကျတော့ ပြောပြပြီး ဘန်ချန်းကော မင်းပြောသွားတဲ့စကားထဲမှာ ဘန်ချန်း နာမည်တစ်လုံးမှမပါဘူး မင်း သူနဲ့ စကားပြန်‌မပြောသေးဘူးလား?"

"ဟိုဟာလေ ကို့သကြားခဲလေး စိတ်မဆိုးနဲ့နော် သေချာနားထောင် ဟိုတခါကတည်းက ဘန်ချန်းက မင်းကို အိုမီဂါမှန်းသိသွားတာ"

"ဘယ်လို..ဘယ်လို.."

"သူက အယ်လ်ဖာပဲလေ ယွန်းဂီ အဲ့ဒါကို မေ့သွားတာလား?"

"အဲ့ဒါဆို မင်း သူ့ကို ငါနဲ့ပတ်သတ်ပြီး ဘာတွေပြောထားသေးလဲ?"

"ဘာမှမပြောထားပါဘူး မင်းက ကင်မ်ထယ်ယောင်းရဲ့ချစ်သူလို့ပဲ ပြောထားတာပါ"

The Truth ɑbout StrɑwberryWhere stories live. Discover now