( Unicode )
" ဒီညငါ ပါတီတစ်ခုတက်ရမှာ မင်းလိုက်မလား "
" ငါကဘာလို့ "
" ဒီတိုင်း မင်းကငါ့ရဲ့သူငယ်ချင်းဘဲကို မင်းလိုက်ချင်ရင် လိုက်ပေါ့ မလိုက်ချင်လည်းသဘောဘဲ "
Nanon အိပ်ရာပေါ်လှဲနေရင်းမှ Ohm ရဲ့ စကားသံကြားသည်နှင့် ထိုင်ချလိုက်ကာ အဝတ်လှဲဖို့ ပြင်နေသူကို လှမ်းကြည့်လိုက်သည်။
ရေဆိုနေတဲ့ ဆံပင်တွေကို ခြောက်အောင် သုတ်မည့်ပုံလဲမပေါ်တာကြောင့် Nanon ကသာလှမ်းသုတ်ပေးဖို့ပြင်လိုက်တော့။" ဒီကိုလာ ငါသုတ်ပေးမယ် "
အစကတော့ Ohm hair-drier တစ်ခုကို လက်ထဲ၌ ကိုင်ထားတာဆိုပေမဲ့ Nanon ရဲ့စကားသံကြောင့် နောက်ကို လှမ်းဖွက်ထားကာ အနားတိုးကပ်လိုက်သည်။ လည်ပင်းပေါ်တွဲချိတ်ထားသည့် တဘက်လေးကို ပေးလိုက်ပြီး သုတ်စေတော့ မမှီတမှီအရပ်နှင့် ခြေဖျားထောက်ကာ သုတ်ပေးနေရှာသည်။
နီးကပ်သွားသည့် မျက်နှာနှစ်ခုကြောင့် Ohm ရင်ခုန်နေမိသည်။ ထိုကောင်လေးရဲ့ ဖြူုစင်သော မျက်ဝန်းတွေကို ရှည်ကော့ကော့ မျက်တောင်တို့က ပံ့ပိုးလျက် မျက်တောင်တစ်ချက်အခတ်မှာ လူအယောက် ၁၀၀ ကိုနှလုံးဖောက် သေစေနိုင်မည်။ နှခေါင်းလုံးလုံးလေးအဆုံး ခပ်ထူထူ နှုတ်ခမ်းလေးကို ပိုင်ဆိုင်မည့်သူကတော့ တလောကလုံးမှာ အကံကောင်းဆုံးလူသားပေါ့။
" O.....Ohm..မင်းပြောစရာရှိရင်ပြောလေ "
" ဟင်..."
" အဲ့လိုကြီး စိုက်ကြည့်နေတာ ငါမနေတတ်ဘူး "
ရှက်သွေးဖြာကာ နီမြန်းသွားတဲ့ ကောင်လေးကို Ohm ခွင့်မတောင်းဘဲ ခါးမှပွေ့ဖက်လိုက်သည်။ ကောင်လေးရဲ့ မျက်နှာမှာတော့ အံ့သြမှုတို့အ
ပြည့်။ ဖွင့်ဟသွားတဲ့ နှုတ်ခမ်းပါးတို့ဆီက
အကြည့်လွှဲကာ သူ့နားရွက်လေးကိုစုပ်နမ်းတော့ အတင်းတွန်းထုတ်နေရှာသည်။" Ohm ဘာလုပ်တာလဲ ယောက်ျားချင်းကြီး "
" ဟေ ဟေး ငါကစတာကို ဘာလဲမင်းကရင်ခုန်သွားပြီမလား "
ကျွန်တော့်စကားကို မျက်မှောင်ကြုတ်ကာ လှည့်ထွက်သွားတော့မည့်Nanon။ လက်ကောက်ဝတ်မှလှမ်းဆွဲလိုက်ကာ သူ့လက်ဖမိုးကို ခပ်ဖွဖွ အနမ်းပေးလိုက်တော့ မရုန်းဘဲငြိမ်နေသည်။
![](https://img.wattpad.com/cover/306263543-288-k108916.jpg)
YOU ARE READING
Ohmnanon ||°One shot°||
Random-Fanfic { only Ohmnanon by bad buddy series } -Slow update -Crd for cover picture ! -⚠️May contain mature things [ character death , Sexuality , abuse , etc...]