HOME ( Final )

839 52 7
                                    

( Unicode )

" အချစ်ဆိုတာကို ပုံဖော်ရအောင် "

" ဟင် ဘယ်လိုဖော်ရမှာလဲ "

" ဒီလို "

ဟုပြောကာ ကျွန်တော့် နှုတ်ခမ်းပါးကို သိမ်းယူလိုက်တဲ့သူ။ ရုတ်တရက်ဆန်လွန်းတာကြောင့် ကျွန်တော့်မှာ ဘာမှမဆိုနိုင်ခဲ့။

" အရှင့်သား ကိုကျွန်တော်ချစ်တယ် "

သူ့ရဲ့ စကားလေးကို ကျွန်တော့နားထဲ ပဲ့တင်ထပ်စွာကြားလိုက်ရသည်။

" ကျွန်တော် လမ်းပျောက်သွားတဲ့ တစ်နေ့ကျရင် ကျွန်တော့်ကို အိမ်ပြန်ခေါ်ပေးပါနော် "

" အိမ်? "

" အင်း ကျွန်တော့်ရဲ့အိမ်လေး "

" လူရွှင်တော်တွေရဲ့ အိမ်က ဘယ်လိုမျိုးလဲဟင်"

" အဲ့ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး ဒါပေမဲ့ ကျွန်တော့် အိမ်ကတော့ ကျွန်တော်ရှာတွေ့တာ မကြာသေးဘူး "

အတိတ်ကပုံရိပ်လေးတစ်ချို့ကို စီစစ်ရင်း မင်းသားလေးတစ်ယောက် တွေဝေစွာ ပြတင်းပေါက်ဖက်ကို ငေးကြည့်လိုက်သည်။ သူပြောတဲ့ အိမ်ဆိုတာက တကယ်တော့ ဘယ်လိုအရာများဖြစ်မလိမ့်ပေါ့။

" မျက်နှာဖုံး မင်းငါ့ကို ဘာလို့ မမေးခဲ့တာလဲ "

" ဘာကိုလဲ အရှင် "

" မင်းကိုချစ်ဖို့ "

မျက်နှာဖုံးနဲ့ လူရွှင်တော်လေးက ပြုံးရင်း မင်းသားလေးကို မျက်နှာချင်းဆိုင်လိုက်သည်။

" ဒီဟာလေး ပြောဖို့ ကျွန်တော့်ကို ကမ္ဘာပတ်ရှာလိုက်ရလေသလား အရှင့်သား "

" အင်း "
" မင်းဘယ်ချိန် အိမ်ပြန်လာခဲ့မှာလဲ "

လူရွှင်တော်လေးတွေဝေစွာ မင်းသားရဲ့ အမေးကို ဖြေဖို့ တွန့်ဆုတ်နေခဲ့မိသည်။ ထိုအခိုက် သူ့မျက်နှာဖုံးကို ဖွင့်ဖို့ ကြိုစားလိုက်တဲ့ မင်းသားလေးကြောင့် အနောက်သို ခြေလှမ်းအနည်းငယ်ဆုတ်မိသွားသည်။

အလိုမကျမှုကြောင့် တွန့်ချိုးသွားတဲ့ မင်သားရဲ့ မျက်ခုံးထူထူတို့ကို သူသိပ်သဘောကျပါသည်။
သိုပေမဲ့...

Ohmnanon ||°One shot°||Where stories live. Discover now