( Unicode )
ပြတင်းပေါက်မှ တိုးဝင်လာတဲ့ လေအေးအေး တို့ကြောင့် Nanon ခုံပေါ်မှ ထကာလှမ်းပိတ်ဖို့ ပြင်လိုက်သည်။ မနက်ခင်းရောက်နေပြီဆိုပေမဲ့ နေကထွက်မလာသေး။ တဖြောက်ဖြောက် ကျနေတဲ့ မိုးစက်တွေက နောက်ဆုံးကြိမ်အဖြစ် နှုတ်ဆက်လာနေပြီမှန်း သိလိုက်ရသည်။
အခုတလော အိပ်ရေးမဝဖြစ်တာနဲ့ မျက်ကွင်းတွေကညိုလို့။ စိတ်ကယောင်ချောက်ချား မဖြစ်အောင်သောက်နေရတဲ့ စားပွဲခုံပေါ်ကဆေးလုံးတွေကို Nanon မျက်စောင်းလေးနှင့် တစ်ချက်ဝှေ့ကြည့်ကာ သက်ပြင်းချလိုက်သည်။
အခုချိန် သူ့ကို သိပ်သတိရနေမိတာတော့ဟုတ်တယ်။ တွေ့ချင်တယ်။ အေးသိမ့်သိမ့် ရာသီဥတုလေးမှာ သူနဲ့ အတူပွေ့ဖက်ရင်း မှေးစက်အနားယူချင်တယ်။ ဒါပေမဲ့ လက်တွေက သူ့ဆီဖုန်းခေါ်ဖို့ တွန့်ဆုတ်နေမိသည်။
'*တီး..Nanon အိပ်ရာက ထတော့နော်...Nanon ကိုယ့်အသက်လေး ထတော့လေ...'
မနက်ခင်း နိုးစက်လေးက သူ့အသံလေး ဖြစ်နေတာကြောင့် Nanon တစ်ချက်ပြုံးမိသည်။ ဖုန်းထဲ အသံသွင်း ထည့်ထားတုန်းက သူနဲ့ ပြန်နားထောင်ပြီး ရယ်နေကြသေးသည်။
တီ တီ တီ vibrate ထားထား တဲ့ဖုန်းကထမြည်တော့ Nanon တွေဝေခြင်းမရှိချက်ချင်းကောက်ကိုင်လိုက်သည်။
" ဟယ်လို "
" နိုးနေပြီလား Nanon "
" အင်း "
" ကိုယ်မင်းတိုက်ခန်းရှေ့ ရောက်နေတယ် တံခါးလာဖွင့်ပေးပါအုံး "
သူ့စကားကြောင့် Nanon တစ်ချက်အံ့အားသင့်သွားပေမဲ့ ခြေလှမ်းတွေက သွက်လက်စွာပင် တံခါးဆီ အမြန်လှမ်းလိုက်သည်။
တံခါးဖွင့်ခါနီးကျ ကိုယ့်အဝတ်စားတွေကို ပြန်ငုံ့ကြည့်တော့ ပေါင်လယ်လောက်ထိသာရှိတဲ့ ဘောင်းဘီတိုနှင့် တီရှပ်လေး တစ်ထည်သာဖြစ်ကြောင်း သိရသည်။" ခဏလေး Ohm "
" ဘာ..ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား "
" ဟို ငါအင်္ကျီလှဲလိုက်အုံးမယ် ခဏဘဲစောင့် "
" ရ..... "
Ohm ဆက်ပြောမဲ့ စကားများပြတ်တောက် သွားသည်က တစ်ဖက်ကောင်လေးမှ ဖုန်းချလိုက်တာ ကြောင့်ပင်။ လက်ထဲမှာ မနိုင်မနင်း သယ်ထားတဲ့ ပစ္စည်းတွေ လွတ်ကျမသွားအောင် မနည်းထိန်းကိုင်ရင်း နှဖူးပေါ်ကျနေတဲ့ ရေစိုဆံပင်များကို တစ်ချက်ခါထုတ်လိုက်သည်။
ခဏနေတော့ တံခါးလေးက ချက်ခနဲ ပွင့်လာတော့ မျက်နှာငယ်လေးနဲ့ ကြည့်လာတဲ့ ကျွန်တော့် ချစ်ရသူ။
YOU ARE READING
Ohmnanon ||°One shot°||
Random-Fanfic { only Ohmnanon by bad buddy series } -Slow update -Crd for cover picture ! -⚠️May contain mature things [ character death , Sexuality , abuse , etc...]