The Liar ( part - 3 )

818 70 4
                                    

( Unicode )

ဆူဆူညံညံ ဂီတသံများနှင့် ကခုန်နေကြသူများ။ Nanon မယုံနိုင်စွာ ရပ်ကြည့်နေမိသည်။

" ဘာလုပ်နေတာလဲ "

" Ohm အဲ့ဒါဘာ Party ကြီးလဲ "

" Full Moon Party လေ!!ဝိုး! ဟူး!! ဒီနေရာမျိုးက ငါ့တွက်ငွေတွင်းဘဲ "

ပြောရင်း အပေါ်အင်္ကျီကို ဆွဲချွတ်ကာ ဝှေ့ယမ်းလိုက်တဲ့ Ohm ကတကယ့်စိတ်တက်ကြွနေတဲ့ လူငယ်လေးတစ်ယောက်လို။ Nanon မှာတော့ အသစ်အဆန်းတစ်ခုကို မြင်တွေ့ရသလို Ohm ပြစ်ပေးလိုက်တဲ့ အင်္ကျီကို ဖမ်းကာ လူအုံ့ကြီးကို အဝေးမှ ရပ်ကြည့်နေမိသည်။

" ဒီကကောင်လေးက တစ်ယောက်ထဲလား .... အစ်ကိုနဲ့ လာတွဲသောက်ပါလား ပျော်စရာလေးတွေ ဖန်တီးပေးမယ်လေ "

လက်တစ်ဖက်လာဆွဲ တဲ့သူကို Nanon ပြူးကြောင်ကြောင်ကြည့်နေမိသည်။ ကိုယ့်လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ ထိုလူ့လက်တွေက တင်းကျပ်လာတာကြောင့် Nanon ကြောက်ကြောက်လန့်လန့်နှင့် ရုန်းနေမိပေမဲ့ အင်အားချင်းမမျှတာကြောင့် ထိုလူရဲ့ ဆွဲခေါ်ရာကိုသာ တရွေ့ရွေ့ပါလာခဲ့ရသည်။

" ခင်ဗျားဘာလုပ်တာလဲ ကျွန်တော့်လက်ကိုလွှတ်ပေးပါ "

" တိတ်တိတ်နေစမ်းပါ....မကြာခင် မင်းသာယာတဲ့ နိဗ္ဗာန်ထဲရောက်သွားမယ် "

" ဟင့်အင်း ကျွန်တော့် သူငယ်ချင်းစောင့်နေတယ် "

" ဟက် ငါတွေ့တာမင်းတစ်ယောက်ထဲပါ "

Nanon ခေါင်းခါရင်း လွှတ်ပေးဖို့ တောင်းဆိုနေပေမဲ့ အရာမရောက်။ ထို့လူ့မျက်အကြည့်တွေက မူမမှန်မှန်းသတိထားမိတော့မှ အသားကုန်ရုန်းရင်း အကူညီအော်တောင်းခေါ်နေပေမဲ့ ဆူညံလွန်းတဲ့ သီချင်းသံတွေနှင့် ကိုယ့်ကိစ္စကိုယ် ရှုပ်နေကြတဲ့ လူတွေက သတိပင်မထားမိကြ။

" လွှတ်ပေးပါ..တောင်းပန်ပါတယ် "

" တိတ်တိတ်နေပါဆို! "

" Nanon ကိုယ့်ချစ်လေး ဘာလုပ်နေတာလဲ! "

ခပ်လှမ်းလှမ်းမှ ကြားလိုက်ရတဲ့အသံကြောင့် Nanon ပြုံးမိသွားသည်။ထိုလူ့ လက်တွေကြားမှကိုယ့်လက်တွေကို ဆွဲထုတ်ရင်း ကျလုစဲစဲ မျက်ရည်တွေကို သုတ်လိုက်ကာ Ohm ရဲ့အနားအပြေးသွားကပ်လိုက်သည်။

Ohmnanon ||°One shot°||Where stories live. Discover now