HOME ( Part - 1 )

898 48 5
                                    

- Psychopath , tragic-romance
- Top Ohm / bottom Nanon

( Unicode )

" ဟိုးရှေးရှေးတုန်းက~

တိုင်းပြည်ကြီးတစ်ခုမှာ နာမကျန်းဖြစ်နေတဲ့ မင်းသားလေးတစ်ပါးရှိတယ်တဲ့။

ဘုရင်းကြီက မင်းသားလေးရဲ့ ရောဂါကိုကုသပေးဖို့ အလွန်တော်တဲ့ သမားတော်များကို ခေါ်ခဲ့ပေမဲ့ မင်းသားလေးရဲ့ ရောဂါကို ဘယ်သူမှမကုနိုင်ကြဘူးတဲ့။

ဒီလိုနဲ့ မင်းသားလေးဟာ အခြေနေဆိုးလာပြီး အိပ်ရာပေါ်က မထနိုင်တဲ့ အထိကိုရောက်ရှိသွားပါတော့တယ်။

ဒီတော့ ဘုရင်ကြီးက စိတ်ဓာတ်တွေကျပြီး သူ့သားလေး ရောဂါပျောက်အောင် ကုနိုင်တဲ့သူကို တိုင်းပြည်တစ်ဝက်တိတိ ပေးမယ်လို့ ဆိုလာတယ်။

ထိုသတင်းကြားပေမဲ့ ဘယ်သူမှ မလာခဲ့ကြပါဘူး။ မင်းသားလေးရဲ့ အမည်မသိရောဂါ တစ်ခုတွက် ဘယ်သူမှ အသက်ပေး မစွန့်စားရဲ ကြဘူးလေ။

ဒါပေမဲ့ တစ်နေ့မှာတော့ အဖြူရောင် မျက်နှာဖုံးနဲ့လူရွှင်တော် ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ သူက မင်းသားလေးကို ကုသပေးမယ် ပြောတော့ အစပိုင်းမှာ ဘုရင်ကြီးက လက်မခံချင်ဘူးတဲ့။

ဒါပေမဲ့ တစ်နေ့တစ်နေ့ ပိုဆိုးလာတဲ့ မင်းသားလေးရဲ့ ရောဂါအခြေနေကြောင့် ရွေးချယ်စရာမရှိတော့တဲ့ ဘုရင်ကြီးက လူရွှင်တော်လေးကို ကုသခွင့်ပေးလိုက်ပါတော့တယ်။ ဒါနဲ့လူရွှင်တော်လေးက ဒီလိုတစ်ခွန်းဘဲ ဆိုပါတယ်

" မင်းသားလေးကို ကုသပေးနေစဥ်တွင်း ကျွန်တော်တို့နှစ်ယောက်ဘဲ အတူ ရှိနေခွင့်ပေးပါ " တဲ့

ထိုစကားကြောင့် ဘုရင်ကြီး မျက်မှောင်ကြုတ်ကာ အလိုမကျဖြစ်သွားပေမဲ့ ဒီအတိုင်း ခွင့်ပြုလိုက်ရတယ်။

တစ်ပတ်အကြာမှာတော့ မင်းသားလေးရဲ့ အခြေနေဟာ အများကြီး တိုးတက်လာခဲ့တယ်။ ဖြူရော်နေတဲ့ မျက်နှာလေးက သွေးရောင် လွှမ်းလာပြီး အပြုံးမရှိတာ ကြာလှပြီဖြစ်တဲ့ မင်းသားလေးဟာ ရယ်မော ပျော်ရွှင်လာပါတော့တယ်။

ဒါကိုမြင်တော့ ဘုရင်ကြီးဟာ အလွန်ဝမ်းသာပြီး ကတိအတိုင်း လူရွှင်တော်လေးကို တိုင်းပြည်တစ်ဝက်ပေးဖို့ ဆိုလာပါတယ်။ဒါပေမဲ့ လူရွှင်တော်လေးက လက်မခံဘဲ ငြင်းပယ်ခဲ့တယ်တဲ့။

Ohmnanon ||°One shot°||Where stories live. Discover now