( Unicode )
" ဒီမနက်က သူငါ့ဆီပြီးရောက်လာတယ်...မင်းက သူ့ပေါ်ဖောက်ပြန်နေသလိုဘဲတဲ့ "
ဘာမှ အဖြေပြန်မလာတဲ့ သူငယ်ချင်းဖြစ်သူကြောင့် Chimon ဒေါသတွေက ထောင်းခနဲ။
ဒါပေမဲ့ ပညာရှိသူပီပီ ချက်ချင်းမပြဘဲ ဒေါသကို ထိန်းကာ အခြေနေတွေကို စဥ်းစားမိသည်။Ohm ကNanon ကိုသစ္စာဖောက်ဖို့ ဆိုတာတော့မဖြစ်နိုင်။ သူအရမ်းချစ်ခဲ့သည့် တစ်ဦးတည်းသော လူသားဘဲမဟုတ်လား။ လူတွေ သေသေရှင်ရှင် ဂရုမစိုက်တတ်တဲ့ Ohm က Nanon ရဲ့သေရေးရှင်ရေး မဟုတ်တဲ့အခြေနေမှာတောင် သူ့ကျောက်ကပ်တစ်လုံးကို နှစ်ခါမစဥ်းစားဘဲ တန်းပေးခဲ့တာ။
" Ohm မင်းသေချာ စဥ်းစားကြည့်ကွာ Nanon ကစိတ်ထိခိုက် လွယ်တဲ့သူဆိုတာ မင်းလည်းသိရဲ့သားနဲ့ မင်းသူ့ကို တကယ်ချစ်တာဆို အခုမလုပ်သင့်ဘူး "
ခဏအကြာတိတ်ဆိတ်ပြီးမှ ခေါင်းမော့ကာ Ohm ဘက်မှ စကားဆိုလာသည်။
" ငါသူ့ကို တကယ်ချစ်တာပါ တကယ်ကို...အရမ်းချစ်ခဲ့တာ.."
" အဲ့ဆို ဒီကိစ္စငါ့ကိုရှင်းပြပါအုံး "
" ငါသူ့ကို အရမ်းချစ်တယ် ဒါပေမဲ့......ဒါပေမဲ့......
.
.
.
အိမ်အောက်ထပ်မှ သွေးစက်တွေကြောင့် Ohm ခေါင်းတစ်ခုလုံး ပူထူသွားသည်။ အပေါ်ထပ်ကို အမြန်တက်သွားတော့ ကုတင်ပေါ် ခွေခွေလေး အိပ်ပျော်နေတဲ့ ချစ်ရသူကြောင့် Ohm သက်ပြင်းခပ်ဖွဖွ ချမိသည်။" Nanon "
" အွန်း...ပြန်ရောက်နေတာလား ခဏငါညစာပြင်ပေးမယ် မင်းရေချိုးလိုက်အုံးလေ "
သူ့နာမည်ခေါ်သံကြောင့် လန့်နိုးသွားသည်ထင် ပျာပျာသလဲ ထကာအိမ်အောက်ထပ် ဆင်းဖို့ ပြင်သည်။
ကျွန်တော်နှင့် အခုချိန်ထိ မျက်လုံချင်း မဆုံသေးတဲ့ Nanon ။ ကျွန်တော့်ရင်ထဲ မလုံမလဲ ဖြစ်နေသည်ဆိုတာထက် နာကြင်နေရသည်။
ထွက်သွားတော့မည့် သူ့ကိုယ်လေးကို နောက်မှ သိမ်းကျုံးဖက်တော့ မလှုပ်မရက် ငြိမ်သက်နေသည်။" ဟင်းတွေ အေးကုန်ပြီ ငါသွားနွေးရအုံးမယ် "
" ခဏ....ခဏလေးဘဲ ဒီတိုင်းလေး နေပေးလို့ရမလား "
![](https://img.wattpad.com/cover/306263543-288-k108916.jpg)
YOU ARE READING
Ohmnanon ||°One shot°||
Random-Fanfic { only Ohmnanon by bad buddy series } -Slow update -Crd for cover picture ! -⚠️May contain mature things [ character death , Sexuality , abuse , etc...]