Say 'I love You' ( Part - 1 )

902 58 4
                                    


- School life , Crush , Romance

- Top Ohm / bottom Nanon

( Unicode )

ပုခုံးတစ်ဖက်မှာ သိုင်းလွယ်ထားတဲ့ လွယ်အိတ်လေးကို တစ်ချက်ပင့် လွယ်လိုက်ရင်း ဖတ်နေရင်းသူ့စာအုပ်လေးကို ပိရိတဲ့အပြုံးတစ်ခုနှင့်ပိတ်ချလိုက်သည်။ လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားတဲ့ အနက်ရောင်လက်ပတ်နာရီလေးကို တစ်ချက်ကြည့်တော့ ကျေနပ်နေသည့် အပြုံးတို့က သူ့မျက်နှာထက်ထင်းလို့။

Nanon Korapat တို့ဘဝမှာ ဘယ်တော့မှ လွဲတယ်ဆိုတာ မရှိစေရ ဆိုတာမျိုး။ ကမောက်ကမ ဖြစ်စဥ်တွေ မတိကျမသေသပ်တာတွေ သူ့ဘဝမှာ တစ်ခါမှ မရှိစေဖို့ အကောင်းဆုံးကြိုးစားနေတဲ့သူ။ နံနက်ဆိုလည်း စောစောထရင်း ကျောင်းဝတ်စုံတောင် မီးပူတိုက်ထားမှဝတ်ချင်သည့်သူမျိုး။ ဆံပင်ဆိုလည်း သပ်ရပ်နေအောင် ဖြီးထားတာများ သူ့ခေါင်းပေါ် အုန်းဆီတွေ ရွှဲနစ်နေသလား ထင်မှတ်ရသည်။

အခန်းထဲမှာ အမြဲတမ်းပထမ ရတဲ့သူဖြစ်လိုတယ်။ တစ်ကျောင်းလုံးမှာလည်း ဂုဏ်သတင်းကောင်း နှင့်ကျော်ကြားသူဖြစ်သည်။ ယှဥ်ပြိုင်ချင်းတွေမှာ အရမ်းစိတ်အားထက်သန်သူဖြစ်ပြီး အားကစားတွေ အခန်းသင်ခန်းစာတွေမှာ တောင်အမြဲတမ်း ပထမရသူ ဖြစ်သည်။ မိန်းကလေးဆိုလို့ အလျော့ပေးတာတွေ သူနှင့် မသက်ဆိုင်။ ယောက်ျားမိန်းမ မခွဲခြားဘဲ အနိုင်ယူတတ်တာလေးက သူအကျင့်လေးတစ်ခု။

" ဟေး..Nanon "

သူငယ်ချင်းဖြစ်သူ Jimmy ရဲ့ နှုတ်ဆက်မှုကို Nanon လက်တစ်ဖက် မြောက်ပြ၍သာ ပြန်သည်။ နောက်တော့ အကြည့်တွေက ကိုယ့်စာရေးစားပွဲပေါ်က အရာတွေဆီရောက်သွား တော့မျက်မှောင်ကအလိုလို စုကြုတ်မိသား။

" *ကျစ်...ဘယ်ချိန်ထိ လာထားနေမှာလဲမသိဘူး"

Nanon ထိုပစ္စည်းများကို သေချာတောင် မကြည့်တော့ဘဲချက်ချင်း စာသင်ခန်းအပြင်က အမှိုက်ပုံးထဲသို့ လွှင့်ပြစ်လိုက်သည်။ သူ့အတွက်မနက်စာလား ဒါမှမဟုတ် မုန့်တွေလား မဟုတ်ရင် ရောင်စုံခဲ့တံလေးတွေလည်း ဖြစ်ရင်ဖြစ်မည်။

ပြန်ဝင်လာတော့ ပြတင်းပေါက်နားမှ ထိုင်နေတဲ့ တစ်ယောက်သောသူရဲ့ အကြည့်တို့က ကျွန်တော့်ဆီ တည့်တည့်မတ်မတ်ရောက်ရှိလာသည်။ ဒေါသထွက်နေသည့် ပုံလည်းမပေါ်သလို ဝမ်းနည်းနေပုံလည်းမပေါ် ပြုံးသာပြုံးပြနေသည်။
ကျွန်တော်သူ့ကိုလှမ်းကြည့်လိုက်တယ်ဆိုတာက သူများစိတ်မကောင်းဖြစ်သွားမလားဟု စိတ်ပူလို့တော့မဟုတ်။ သူ့ရဲ့ စိတ်ပျက်သွားမဲ့ ရုပ်မျိုးကိုတွေ့ချင်လို့သာ။ မျှော်လင့်ထားသည့် ပုံမျိုးမဟုတ်တော့လည်း ကျွန်တော်ကသာ မျက်မှောင်ကြုတ်လျက် ကိုယ့်နေရာပြန်သွားမထိုင်ခင် ​သူ့ကို မျက်စောင်းထိုးဖို့က မမေ့မဖြစ်။

Ohmnanon ||°One shot°||Where stories live. Discover now