" ဒေါက်တာရှောင်း ဒေါက်တာရှောင်း! လူတစ်ယောက် ပြဿနာရှာနေလို့၊ ဟိုတစ်နေ့က အလုပ်သင်ဆရာဝန်ကို အန္တာရာယ်ပေးဖို့ကြိုးစားနေတယ် "ပြေးလာတဲ့သူနာပြုဝေဝေက အလောတကြီးပြောလာတယ်။ ရှောင်းကျန့်က အဲ့ဒီ့လူတွေရှိတဲ့ဘက် သူ့ရဲ့ခြေထောက်ရှည်တွေနဲ့ လှစ်ခနဲပြေးထွက်သွားတယ်။
သူနာပြုဝေဝေဟာ ခဏအမောဖြေပြီးတာနဲ့ အရိပ်မမြင်ရတော့တဲ့ဒေါက်တာရှောင်းနောက် အမြန်ေပြးလိုက်ရပြန်တယ်။ အရပ်ရှည်တဲ့သူတွေများ ခြေလှမ်းကျယ်ကြီးတွေနဲ့။
ဟိုတစ်နေ့ကအလုပ်သင်လေး။ ဒါဟာခွဲစိတ်မှုနောက်ကျသွားလို့ အသက်ဆုံးရှုံးသွားရတဲ့ လူနာရဲ့ဆရာဝန်။ သေချာပေါက်လူနာရဲ့မိသားစုက ဒီအချက်ကိုသိသွားလို့ အန္တာရယ်လာပြုတာပေါ့။
" ခဏလေး! "
ရှောင်းကျန့်ရဲ့အော်သံက သန့်စင်ခန်းတစ်လျှောက်ပြန့်နှံ့သွားတယ်။ အခုသူတို့က ဆေးရုံရဲ့ဆရာဝန်သီးသန့်သန်းစင်ခန်းနားမှာပါ။
ဝိုင်းဆွဲထားတဲ့ဆရာဝန်လေးတွေရှိပေမယ့် သွေးပူနေတဲ့လူမို့ ခြေကုန်လက်ပန်းကျမှာမဟုတ်ဘူး။ ပြောရရင် အဲ့ဒီ့လူစိတ်မှာအလုပ်သင်ဆရာဝန်လေးကို အထိနာသွားစေဖို့ပဲစိတ်ရှိနေတာကိုး။
သူ့အမှားဆိုပြီးငြိမ်ခံနေတဲ့ဆရာဝန်ပေါက်စက သူ့ကိုအားကိုးတကြီးမော့ကြည့်လာတယ်။ ရှောင်းကျန့်ကပဲ စိတ်မပူနဲ့ဆိုတဲ့အပြုံးမျိုးပြုံးပြပေးရတယ်။
" အမှန်တော့ ကလေးတွေကိုခွဲစိတ်ခွင့်ပေးခဲ့တာ ကျွန်တော်ပါ "
အဲ့ဒီ့လူနာရှင်က အစပိုင်းတော့ အူအူတူတူကြည့်နေသေးပေမယ့် နောက်ပိုင်းတော့သဘောပေါက်သွားသလိုမျိုး သူ့ဘက်ဆီပြောင်းလာတော့တယ်။