ရာသီဥတုကသာသာယာယာ။ နေရောင်နွေးနွေးရတဲ့မနက်ခင်းမှာ လူတိုင်းကတက်ကြွမှုတွေအပြည့်နဲ့။အဲ့ဒီ့လူတွေထဲမှာ အရာရှိဝမ်အပါအဝင်ပေါ့။ အငိုက်မိသွားလို့ဆိုပြီးတွေးထားခဲ့တဲ့သူက နောက်နေ့တွေလည်း မရုန်းနိုင်ခဲ့ပါဘူး။
နေ့တိုင်း ရှောင်းကျန့်လည်ပင်းကို အာငွေ့ပေးတယ်ဆိုပြီး လာနမ်းနေတဲ့ဝမ်ရိပေါ်က နှဖူးအစပ်မှာချုပ်ရာတစ်ခုနဲ့ နှုတ်ခမ်းထောင့်မှာအညိုအမဲတစ်ခုနဲ့ရယ်။
ရှောင်းကျန့်ကို အတင်းချုပ်ပြီးအာငွေ့ပေးတတ်တဲ့ဝမ်ရိပေါ်က ပြီးသွားရင်ဒဏ်ရာတစ်ခုရတယ်။ လက်သီးစာမိပြီး နှုတ်ခမ်းပေါက်သွားတာမျိုး၊ စားပွဲပေါ်ကအလှပန်းအိုးစာမိပြီး ခေါင်းပေါက်သွားတာမျိုးပေါ့။
ဒါပေမယ့်လည်း ပြီးသွားရင် ရှောင်းကျန့်ကဆေးထည့်ပေးရတာချည်းပဲ။ အရာရှိဝမ်ကဂရုမှမစိုက်ဘဲ။
မနေ့ကတော့ ရှောင်းကျန့်လက်လွန်သွားခဲ့တာ. .ဝမ်ရိပေါ်ရဲ့လက်မောင်းမှာ ဓားရာနဲ့။ ရှောင်းကျန့်ကိုင်ထားမိတဲ့ဓားနဲ့ မတော်တဆရည်ရွယ်ပြီးထိုးမိသွားတာပါ။
ရည်ရွယ်ပြီး ဓားနဲ့နည်းနည်းလောက်ခြိမ်းခြောက်ဖို့ လုပ်လိုက်တာပေမယ့် မတော်တဆအကြီးကြီးခိုက်မိသွားခဲ့တာ။ ဒီနေ့တော့သူက ဝမ်ရိပေါ်ကိုစောင့်နေမိတယ်။
အဲ့ဒီ့အရာရှိက ဒဏ်ရာကိုဂရုမစိုက်ဘူးလေ။ မတော်လို့ အနာရင်းနေပြီး အကြီးကျယ်ဖျားသွားရင်ဘယ်လိုလုပ်မလဲ?
ရှောင်းကျန့်အတွက်ကတော့ တစ်နေ့လုံးနားရတယ်မရှိသလောက် အလုပ်ရှုပ်နေဆဲပါ။ သက်သာလာပြီဖြစ်တဲ့လူနာတွေကို ကြည့်ပြီးဂရုစိုက်ဖို့မှာရတာတွေ၊နောက်ပိုင်း လူနာတွေနဲ့ဆွေးနွေးရတာတွေနဲ့ ၊တကယ့်ကို မအားပါဘူး။