![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
စားပွဲအစွန်းကိုလက်ဆစ်နဲ့ခေါက်သံကတစ်ဒေါက်ဒေါက်။ ရှောင်းကျန့်က စုံထောက်မျက်လုံးတွေနဲ့ အရှေ့ကသူ့သူငယ်ချင်းနှစ်ယောက်ကို အကဲခတ်တယ်။တစ်ခုခုကမူမမှန်ဘူး။ သူ့အကြည့်တွေကိုရှောင်လွှဲနေတဲ့ ပိုင်ရန်နဲ့လီအမကြီးက လုံးဝကိုမူမမှန်ဘူး။
" ကျန့်ကျန့် အဲ့လိုကြီးကြည့်မနေပါနဲ့။ ဒီနေ့မင်းကြိုက်တာစား။ ငါကျွေးမယ် ဟုတ်ပြီလား? "
သွားဖြီးပြီးဆိုလာတဲ့ပိုင်ရန်ကို ရှောင်းကျန့်ကမျက်မှောင်ကျုံ့ကြည့်တယ်။ ဒါပဲ။ ဒါကပိုင်ရန်လုပ်နေကြစတိုင်လ်မှမဟုတ်တာ။
ရှေ့ကဖန်ဖန်းကလည်း သူမဟုတ်သလိုငြိမ်နေတာ၊ မသိရင် ပိုင်ရန်နဲ့လီဖန်ဖန်းက ဇာတ်လမ်းတွဲတွေထဲကလို ဝိဉာဉ်ချင်းလွဲသွားသလိုပဲ။
" ဝေ့ ဖန်ဖန်း။ ဘယ်လိုဖြစ်လို့ တိတ်ဆိတ်နေရတာလဲ? ငါ့ကိုဘာတွေဖုန်းကွယ်ထားလဲ? "
ရှောင်းကျန့်က သံသယမျက်လုံးတွေအစွမ်းကုန်ဖွင့်ထားပြီးမေးတဲ့အခါ ဖန်ဖန်းကမချိပြုံးနဲ့ဘာမှမဖြစ်ပါဘူးသာဆိုတယ်။
" ဘာလဲ? နင်တို့နှစ်ယောက်တွဲနေပြီမဟုတ်လား? "
အိုးဟို ငြိမ်ကျသွားလိုက်တာများ။ ထင်သားပဲ။ အခြားဘာများရှိမှာမို့လို့လဲ? အဟွန်း!
" အိုက်ယား ဒါကငါသိပြီးသားကြီးကို။ ဘာတွေရှက်နေကြတာလဲ? "
" အဟဲ ဟုတ်သားပဲ။ နင်ဖြင့်သိပြီးသားကြီး ငါကဘာရှက်ရမှာလဲ? ဟုတ်သားနော် "
ဖန်ဖန်းက အခုမှသူမစတိုင်လ်နဲ့သူမပြန်ဖြစ်တော့တယ်။ ကြမ်းကြမ်းတမ်းတမ်းအမကြီးမျိုးပေါ့။ ပိုင်ရန်ကတော့ ငေါက်ခနဲထသွားပြီး ဖန်ဖန်းဘေးသွားထိုင်တာပဲ။ အော် အတွဲတွေဖြစ်သွားပြီကိုး။
![](https://img.wattpad.com/cover/306265571-288-k517288.jpg)