![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
တိုက်ခန်းအရှေ့မှာ passcodeရိုက်ပြီးသည်အထိ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အိတ်ကိုဆွဲပြီးပါလာခဲ့တယ်။ ဘာစကားတစ်ခွန်းမှမပြောသလို အရင်ကလိုတဇွတ်ထိုးနမ်းသွားတာလည်း မရှိသေးဘူး။ရှောင်းကျန့်ကို ဝင်ပြီးအောင်ကြည့်နေပြီးမှပြန်မယ့်မျက်လုံးနဲ့ ကြည့်နေပြီး ရပ်စောင့်ပေးတယ်။ ဒီတစ်ပတ်အတွင်း အရင်လိုလက်ရဲဇက်ရဲမဟုတ်တော့တဲ့အပေါ် ရှောင်းကျန့်က ခပ်မြန်မြန်ပဲသတိထားမိတယ်။
အရင်ကဒီလိုအခန်းရှေ့မှာဆို သူ့ပါးကိုဇက်ခနဲနမ်းသွားတဲ့လူက အခုလိုရပ်နေတာ ရှောင်းကျန့်ပေးတတ်တဲ့ဒဏ်ရာတွေကို ကြောက်သွားတာလား?
ဒါမှမဟုတ် ရှောင်းကျန့်မကြိုက်မှန်းသိလို့ မလုပ်တော့တာလား? သူလည်းမသိတော့ပါဘူး။ ဒါပေမယ့် ရှောင်းကျန့်ကတော့ အခန်းထဲမဝင်နိုင်သေးဘဲ တစ်ခုခုလိုနေသလိုကြီးရယ်။
" အထဲဝင်အုံးမလား? "
နည်းနည်း.. မဟုတ်ဘူး! တော်တော်ကြောင်တောင်တောင်နိုင်နေတဲ့အခြေအနေကို ရှောင်းကျန့်ကပဲ စတင်ဖြိုခွဲလိုက်ပါတယ်။ ဆရာဝမ်ရဲ့မျက်လုံးတွေကတော့ လက်လာပြီးခေါင်းငြိမ့်လာလို့ အင်းတစ်ချက်ပြုတယ်။
အဲ့ဒီ့နောက်တော့ ဒုတိယတစ်ခေါက် ဧည့်သည်အနေနဲ့ဝမ်ရိပေါ်က တိုက်ခန်းထဲပါလာပြန်တယ်။ ပထမတစ်ခေါက်က ရှောင်းကျန့်ဖိတ်ခေါ်တာမဟုတ်လို့ ဧည့်သည်လို့မသတ်မှတ်ခဲ့ဘူးလေ။ ဟုတ်တယ်ဟုတ်။
" ခဏထိုင်အုံး။ ငါ သောက်စရာတစ်ခုခုသွားယူလိုက်အုံးမယ် "
ပြောတော့လည်း ဝမ်ရိပေါ်က ငြိမ်ငြိမ်လေးပဲထိုင်ကျန်ခဲ့တာရယ်။ စကားနားထောင်တဲ့ကလေးလိုမျိုး ကုပ်ကုပ်လေးနဲ့ အရင်နေ့တွေက သူမဟုတ်တဲ့အတိုင်း။
