မိုးများတဲ့ရာသီကို ရောက်လာခဲ့ပြီ။ တစ်နေကုန်နီးပါးရွာပြီး ရှောင်းကျန့်ရဲ့တိုက်ခန်းနားမှာ ရေကွက်တွေအစုလိုက်ဖြစ်နေတတ်တယ်။သူ့ရဲ့ဆေးရုံနဲ့တိုက်ခန်းကိုအသွားအပြန်က နှစ်ယောက်ဖြစ်နေခဲ့တာလည်း နှစ်လနီးပါးလောက်ရှိသွားပြီရယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်တိုက်ခန်းဘေးမှာ နီးနီးကပ်ကပ်အခန်းရှာပေမယ့် အခွင့်အရေးမရခဲ့ဘူး။
ဘေးနှစ်ခန်းကပိုင်ရန်နဲ့ဖန်ဖန်းကလည်း ဖယ်ပေးမှာမဟုတ်သလို သူကလည်းဘာမှအတတ်နိုင်ပါဘူး။ အဲ့ဒါနဲ့ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အခန်းမှာကပ်နေပါတယ်။
ဒီဇွတ်တရွတ်နဲ့ဝမ်ရိပေါ်ကို သူဘယ်တုန်းကတားလို့ရခဲ့ဖူးလဲ။ အခုတော့ သူတို့နှစ်ယောက်က အတူနေပြီးအတူသွားကြတယ်။
ရှောင်းကျန့်ကိုအလုပ်လိုက်ပို့တယ်။ ပြန်ရမယ့်နေ့တွေမှာလာကြိုတယ်။ စားစရာတွေလာပို့တယ်။ နိုက်ဂျူတီနေ့တွေမှာ ညပိုင်းလာတွေ့တယ်။
သူတို့နှစ်ယောက်ရဲ့အကြောင်းကို ဆေးရုံကလူတိုင်းသိပေမယ့် ဘာမှမထူးဆန်းသလိုပဲ။ ပတ်သတ်မှုခေါင်းစဉ်ရေရေရာရာမရှိတာကိုပေါ့။
" ရှောင်းကျန့် အိပ်တော့၊မျက်လုံးထိမယ် "
ရေချိုးခန်းထဲကထွက်လာတဲ့ဝမ်ရိပေါ်က အိပ်ခါနီးကိုယ်လက်သန့်စင်လာပုံပေါ်တယ်။ ရှောင်းကျန့်က စာဖတ်မျက်မှန်ကိုတစ်ချက်ပင့်တင်ရင်း ကိုင်ထားတဲ့ဆေးစာအုပ်အထူကြီးကို မြှောက်ပြလို့ပြန်ဖြေတယ်။
" အော ဒီတစ်မျက်နှာပြီးရင် အိပ်လိုက်မယ် "
ဝမ်ရိပေါ်က နာရီကိုတစ်ချက်ကြည့်တယ်။ အပြင်မှာမိုးက သည်းသည်းမည်းမည်းရွာနေတယ်။ နောက်တော့သူက ရှောင်းကျန့်ရှိရာလျှောက်လာရင်း. .