အခန်း ၁၀ ဘာလုပ်နေတာလဲ
လူတွေအားလုံးက ယောင်ယောင်က အတန်းထဲမှာ မဂ္ဂဇင်းဖတ်ပြး အတန်းပြီးရင် ဈေးဝယ်ထွက်တတ်တာတွေက ပြောင်းလဲသွားသလိုပင် ပထမတစ်ချက်ကအဆောင်က တခြားနှစ်ယောက်နဲ့လည်း စကားမပြောတော့သလို အတန်းတွေကိုလည်း သေချာတက်နေတာပင် တခြားအတန်းကိုတက်ဖို့ ကျောင်းဝင်းတဝက်လောက် သွားရတဲ့ခရီးကိုတောင် စိတ်ထဲမထားတော့ဘူး ကျောင်းပြီးရင် စာကြည့်တိုက်ကိုသွားတယ် ဆိုတော့ လူတိုင်းက သူမ ပြောင်းလဲမှုကို မယုံနိုင်သလို စောင့်ကြည့်နေကြတော့တာပေါ့
သူမကိုရှာချင်ရင် အတန်းတွေမှာရှာလို့ ရသလို တခါတလေ ကျောင်းဝင်းထဲ အရိပ်တောင်မမြင်နိုင်တာမျိုး ဒါမဲ့လည်း သူမနဲ့ပက်သက်တဲ့သတင်းတွေကတော့ ပြန့်မြဲပြန့်ဆဲ
ဒီနေ့ ညနေခင်း သူမနဲ့ တန်ချင်းနဲ့ ပုံမှန်လိုပဲ စာကြည့်တိုက်မှာ စာလုပ်နေခဲ့ကြသည်။ သူမက ပြန်လည်မွေးဖွားမလာမီက အတန်းတွေလွတ်ခဲ့တာကြောင့် အကုန်ပြန်ကြိုးစားနေရတာ ဒါမဲ့လည်း အတန်းတွေအားလုံးကိုတော့ စိတ်အားထက်ထက်သန်သန်နဲ့လိုက်နားထောင်နေဆဲ အရင်ဘဝက သူမ အမေရဲ့ လက်ထောက်လုပ်ခဲ့တာကလည်း အတွေ့အကြုံတွေ အများကြီးရခဲ့ပါသည်။ ယောင်ယောင် မသိတာတွေ စာကြည့်တိုက်ထဲ ရှာဖွေရင်း စာအုပ်တော်တော်များများမှာ ဥပမာပေးထားတာလည်းရှိတာကြောင့် သူမ ယေဘုယျ သဘောကိုတော့ နားလည်လေသည်။ ဖုန်းကိုထုတ်ပြီး အချိန်ကိုကြည့်လိုက်တော့ ၉ နာရီပင်ထိုးတော့မည။ ယောင်ယောင် သူမ ရင်ထဲမှာ အလွတ်ရနေတဲ့ နံပါတ်တစ်ခုကိုကြည့်ပြီး စာတစောင်ပို့လိုက်သည်။
"အလုပ်ပြီးပြီလား?"
"အင်း လမ်းမှာ"
"မနေ့ကထက် တစ်နာရီတောင်နောက်ကျတယ်"
"အင်"
"နန်ကွား ဒီ အကျင့်ပုတ်တဲ့ကောင်ကတော့ နင့်ကို အချိန်ပိုထပ်ဆင်းခိုင်းရဲတယ်ပေါ့"
ယွမ်စီနန်ကိုခေါ်တဲ့ နာမည်ပြောင်ပင် ဖရုံသီးတဲ့....(တရုတ်အခေါ်အဝေါ်တွေကို မသိတာမို့ အမှားအယွင်းရှိရင် အိုင့်အမှားပါ)
YOU ARE READING
Every Vicious woman needs a Royal husband (mm translation)
RomanceAuthor:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Episodes-31(completed)