'sober' လို့ခေါ်ရတဲ့အကြောင်းအရင်းက ရှင်းပါသည်။ မူးလာရင် တဝက်က မူးပြီး တဝက်က နိုးကြားနေလို့ပင် အတွေးတွေ အမှတ်တရတွေက မူးနေတဲ့သူကို မသက်ရောက်
အဲ့ဒါကြောင့် မနေ့ညက ဖြစ်ရပ်က ဝါးတားတားဖြစ်နေပေမယ့် သူမ မမေ့
မနေ့ညက ချီပိုင်ပိုင်နဲ့ သီချင်းတူတူဆိုခဲ့တာကို မှတ်မိသည်။ သူမ တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်အတွေးနဲ့နစ်မြောလာကာ ထိုချိန် သူမစိတ်ထဲ တအားကို ထူးဆန်းနေတာ သူမဘေးပတ်လည်က လူတွေပြောနေတာကို ကြားပေမယ့် အကုန်အိမ်မက်လိုပဲ ဘာလုပ်နေလဲ သိပေမယ့် သူမ အပြုအမူတွေကို အိမ်မက်လို ဘာမှထိန်းချုပ်လို့မရဘူး
အိမ်မက်ထဲမှာ တစ်ဖက်လူကို တုံ့ပြန်တဲ့ခါ သူတို့ စကားတွေ အပြုအမူတွေက အရိုးသားဆုံးပင် ချင်းကျင်းက သူမကု ဘာလုပ်နေလဲမေးတော့ တကယ်တန်း သူမ......မမူးသလိုပဲ
သူမ ဘာလုပ်နေလဲ သူမ ဘာလုပ်ချင်လဲဆိုတာကို သူမ သိသည်။ အဲ့ချိန်က သူမ အကုန်လုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသား...နောက်ဆုံးကျ ချင်းကျင်းက ရှက်ပြီး ရပ်လိုက်တာ
သူမ သူမ ဆုံးဖြတ်ချက်ကိုနောင်တမရဘူး နောက်တစ်ခါထပ်ရွေးချယ်ရမယ်ဆိုလည်း သူ့ကိုပုံအပ်ဖို့ပဲ ထပ်ပြီးရွေးမှာ
ယောင်ယောင် သူမနှလုံးသားက သူမထက်ပိုပြီး ရိုးသားတယ်ဆိုတာ တွေ့ရှိခဲ့သည်။ သူမက သူ့ကို ချစ်လာမချစ်လားတွေးနေမိတဲ့ချိန် သူမ မှာပြသာနာရှိလားလို့တောင်တွေးးနေမိတာ
အခုကျ အစကတည်းကက မိန်းကလေးတိုင်း စတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ပထမဆုံးလူနဲ့ပဲ လက်ချင်းချိတ်ပြီး တဘဝလုံး တူတူဖြတ်သန်းချင်တဲ့စိတ်ကို သူမ နားလည်သွားပြီပင်
ယောင်ယောင်က ချန်ဟောက်ကိုလည်း သဘောကျခဲ့ပေမယ့် သူမ ဘက်က ဒီလိုမျိုး စတင်တာမရှိခဲ့ အခုက သူမ ဒီဘဝ မှာလိုချင်တဲ့ သူက ဒီလူပဲ ဆိုတာ သေချာနေလို့ ဒီလို စတင်ခဲ့တာ ဝေးကွာခြင်းက တခြားလူကိုလှပစေတယ်လို့ပြောကြတာ ချန်ဟောက်နဲ့ သူမ ကတအားကိုအလှမ်းဝေးခဲ့လို့ သူက သူမ ခင်ပွန်းဖြစ်လာလိမ့်မယ်ဆိုတာမျိုး မတွေးးခဲ့မိဘူး တကယ်တန်း လော့ချန်ချန်မတော်တဆသာ မဖြစ်ခဲ့ရင် သူမက ထွက်ပြေးတဲ့ သတို့သမီးလေးတောင် ဖြစ်ချင်ဖြစ်သွားမှာ
YOU ARE READING
Every Vicious woman needs a Royal husband (mm translation)
RomanceAuthor:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Episodes-31(completed)