30.3

3.3K 362 10
                                    

လော့ချန်ချန်က ချန်ဟောက်ရဲ့လက်ရှိအခြေအနေကိုလည်း သတိထားမိပါသည်။ သူတို့ ကုမ္ပဏီ ရန်ပုံငွေပိုင်းမှာ ပြသာနာကြီးတစ်ခုရှိနေပြီးတော့ နေရာတိုင်းက နေ ပိုက်ဆံချေးဖို့ ကြိုးစားနေရတာ ဒါမဲ့ သူတို့ကို ဘယ်သူမှ မကူညီချင်ကြဘူး အဆုံးကျ လင်းမိသားစုက ပိုက်ဆံချေးဖို့ သဘောတူခဲ့ပေမယ့် လင်းဖေးကိုလက်ထပ်ဖို့တောင်းဆိုခဲ့ကြသည်လေ

တကယ်တန်းပြောရရင် သူက ကံကောင်းပါတယ် သူ့ကိုသိပ်ချစ်တဲ့မိန်းမတစ်ယောက်ရှိတယ်လေ လော့ယောင်ယောင်ရဲ့ပုံစံတူ မိန်းမတစ်ယောက်

တွေးကြည့်မှ လော့ချန်ချန်လှောင်ပြုံးပြုံးလိုက်မိသည်။ သူမကလည်း ချန်ဟောက်ရဲ့ စရိုက်ကိုမြင်နိုင်ခဲ့တဲ့တစ်ယောက်ဖြစ်နိုင်တယ်လို့ တကယ်တန်း အစကတည်းက လင်းဖေးက လော့ယောင်ယောင်ကို အတုခိုးနေရုံသက်သက်ပဲလေ ကံဆိုးစွာနဲ့ တကယ့်ကိုကွာခြားနေခဲ့ပေမယ့်ပေါ့

ချန်ဟောက်က ချင်းကျင်းလောက်မကောင်းသလို သူရှာတွေ့ခဲ့တဲ့မိန်းမကလည်းမကောင်းဘူးလေ

ဒါမဲ့လည်း လင်းဖေးက ချန်ဟောက်ကို သိပ်ချစ်တယ်လေသူ့ အတွက်သေပေးရဲတဲ့ထိ ဆိုတော့ ချန်ဟောက်က ဘာကိုမကျေနပ်တာလဲ

လော့ချန်ချန်လည်း သူမကိုယ်သူမ မေးမိသည်။ သူမကော ကျေနပ်လားလို့လေ

သေချာပေါက် ဘယ်ကျေနပ်မျာလဲ အဲ့ဒါကြောင့်လည်း ဒီပုံစံဖြစ်နေတာပေါ့ မြို့ကနေ သူမကိုသိပ်ချစ်တဲ့ သူမကောင်လေးနဲ့ထွက်သွားခဲ့တာ မလား ဒါမဲ့ မကြာသေးခင်ကမှ သူမတွေ့ခဲ့တဲ့ သူ့ရဲ့မယားဟောင်းက သူမကိုပြောပြခဲ့တာက သူက အချစ််မှာခနသာယာတတ်တဲ့သူလို့ အချင်းချင်းသိကျွမ်းမယ် ကောင်းကောင်းဆက်ဆံမယ် သိပ်ချစ်ပေးမယ်် ပြီးရင် အချိုမြိန်ဆုံးအိမ်ထောင်ရေးတစ်ခုဖြစ်ပေးမယ့် အဆုံးကျ သူက လက်ရှိအိမ်ထောင်ရေးကိုပြတ်ဆဲပြီးနောက်ထပ် ဆက်ဆံရေးတစ်ခုကိုရှာဖွေလိမ့်မယ်လို့ပြောပြခဲ့သလို သူမကိုတောင်လှောင်နေခဲ့တာ

အမှန်လား ဆိုတာ လော့ချန်ချန် မသိပေမယ့် သူမ မမေးရဲ  ဘာလို့လဲ ဆိုတော့ သူမဒီဆက်ဆံရေးကနေ ရုန်းမထွက်ချင်လို့လေ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now