တဖြည်းဖြည်းနဲ့ တနေ့တာရဲ့နောက်ဆုံးအတန်း အဆုံးသတ်ကိုရောက်လာခဲ့သည်။ ယောင်ယောင်က ပိတ်ရက်မှာ ဖတ်ဖို့လိုတာတွေကို ထည့်ပြီး တခြားမလိုတဲ့စာအုပ်တွေကို တန်ချင်းကိုပေးလိုက်သည်။ တန်ချင်းကလည်း သူမ စာအုပ်တွေကို အဆောင်ပြန်ယူသွားပေးဖို့ ကူညီခဲ့သည်။ တန်ချင်းက စာအုပ်နှစ်အုပ်ကို ယူရင်း ရုတ်တရက် ပြုံးကာ ယောင်ယောင်ကိုတွန်းလိုက်တော့ ယောင်ယောင်လည်း လှည့်ကြည့်လိုက်သည်။
လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး အတန်းတံခါးမှာ ရပ်နေတဲ့ ကျောင်းသားတစ်ဦးကို မြင်လိုက်ရသည်။ နံရံကို ပျင်းရိစွာမှီနေကာ ဆံပင်တွေကလည်း ကျောင်းသားတွေထဲမှာ အရှည်ဆုံးပင် ကိုယ်ကြပ် ရှပ်က သူ့ခါးကို ပိုသွယ်တဲ့ပုံပေါက်နေစေပြီးတော့ ကြယ်သီးနှစ်လုံးက ဖြုတ်ထားသေး ထပ်ပြောရရင် မျက်နှာလေးကလည်း ကြည့်ကောင်းတော့ တကိုယ်လုံးက ဆွဲဆောင်မှုရှိလို့ ကျောင်းသူလေးတွေ တော်တော်များများက သူကိုမြင်တော့ စကားပြောချင်လာကြပြီး ကျောင်းသူလေးတော်တ်ောများများ ရယ်နေကြသည်။ ယောင်ယောင်က စိတ်ညစ်သွားကာ မျက်မှောင်ကြုတ်ပြီး "သရဲလို နောက်ကလိုက်နေတာပဲ"
"နင်သူ့ကိုရှင်းအောင်မပြောလိုက်ဘူးလား?" တန်ချင်းက တကယ့်ကို စိတ်ဝင်စားစရာကောင်းသည်ဟုတွေးနေမိသည်။
"ပြောပြီးပြီ ဒါမဲ့ သူ့ခေါင်းက ပြသာနာရှိနေပုံပဲ ခုထိ နားလည်သေးပုံမရဘူး" ပြောရရင် ယောင်ယောင် တကယ စိတ်ရှုပ်ရသည်။ ဒီလို ပြသာနာအိုးကို ဘယ်လိုများရန်စမိပါလိမ့်
တန်ချင်းက စရော "နင်သူ့ကို ဘာလို့ အခွင့်အရေးမပေးတာလဲ?"
"ငါ သဘောကျနေတဲ့သူရှိပြီးသား" ယောင်ယောင်က ခိုင်မာစွာ ငြင်းဆိုသည်။
တန်ချင်က ယောင်ယောင်ကြိုက်တဲ့သူအကြောင်းကြားဖူးသည်။ ဂျူနီယာတန်းက ကျောင်းသားခေါင်းဆောင် ချန်ဟောက်ပင် ဒါမဲ့လည်း သူ့မှာက ဘေးခန်း အနုပညာတန်းမှာ တက်နေတဲ့ ငယ်ချစ်ဦးရှိပြီးသား ယောင်ယောင် မျှော်လင့်ချက်တွေက တအားမကြီးဘူးလို့ တန်ချင်းထင်သည်။ ပြီးတော့ တန်ချင်းက ကျောင်းသားခေါင်းဆောင်လုပ်ရတာ သဘောမကျဘူးလေ အစည်းအဝေးတွေ အများကြီးတက်ရတာ အရေးကြီးဆုံးက ယောင်ယောင်ကိုကပ်တာ တခြားရည်ရွယ်ချက်တွေ ရှိဦးမယ်လို့ တန်ချင်းထင်နေတာပဲ
YOU ARE READING
Every Vicious woman needs a Royal husband (mm translation)
RomanceAuthor:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Episodes-31(completed)