သူမ ပုံစံကိုကြည့်ပြီးမနေ့ညက ကိစ္စကို သူမ သိသွားပြီဆိုတာ သူခန့်မှန်းမိလိုက်ပါသည်။အစက ယောင်ယောင်ကို မပြောဘဲနေမလို့ သူခြေရာလက်ရာတွေ အများကြီးချန်ခဲ့တယ်ဆိုတာကို မသိဘဲနဲ့လေ ခုနကမှ သူလည်ပင်းနဲ့ညှက်ရိုးက အမှတ်တွေကိုမြင်တော့မှ သူမ သတိမထားမိဖို့ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လိုက်တာ
ချင်းကျင်းမျက်လုံးမှိတ်ထားလိုက်မိသည်။ ခနနေတော့ ရေချိုးခန်းထဲ အရင်လိုပဲဝင် အဝတ်စားလဲ ရေချိုးပြီးတာနဲ့ မနက်စာပြင်ဖို့ မီးဖိုချောင်ထဲ သွားလိုက်သည်။
ယောက်ျားတစ်ယောက် ပြောရရင် မိသားစုက အလိုလိုက်ခံထားရတဲ့ယောကျာ်းတစ်ယောက် သူပထမဆုံး ဒီကိုပြောင်းလာပြီး ဟင်းဘယ်လိုချက်ရမလဲ မသိခဲ့ဘူး ပထမဆုံး သူပြောင်းလာတဲ့နေ့မှာ ယောင်ယောင်က ပွဲကျင်းပဖို့ သူ့စီကိုလာပြီး တစ်ခုခုချက်ဖို့လုပ်သည်။ မီးဖိုချောင်တစ်ခုလုံး ပွသွားတာကိုမပြောနဲ့ဦး သူမ လုပ်တဲ့ စားစရာက စားလို့တောင်မရဘူး နောက်ပိုင်းကျယောင်ယောင်က ဘယ်လိုဟင်းချက်ရမလဲ ရှာပြီး ဘာလုပ်ရမှန်းမသိဘူး သူပဲ နောက်ပိုင်း ဟင်းချက်တအားကျွမ်းလာခဲ့တာ တကယ်တန်း ဒါက ယောင်ယောင်ရဲ့ ရည်မှန်းချက်များလား? သူဟင်းချက်တတ်အောင် လုပ်ပေးတာလေ
ချင်းကျင်း တွေးမိတာနဲ့ ပြုံးလိုက်မိတော့သည်။
ယောင်ယောင်က တော်တော်ကြာ ဝတ်ဖို့အဝတ်စားရှာနေပြီးမှ လည်ထောင်ရှပ်ကို ဝတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီလိုရာသီဥတု ကြီးမှာ ဒီလို အဝတ်စားဝတ်တာက ရူးနေတာပဲ သူမ တိတ်တိတ်လေးတံခါးးဖွင့်ကာ ခေါင်းလေး ထွက်ကြည့်လိုက်သည်။ ချင်းကျင်းက အပြင်မှာမရှိတော့မှ သူမစိတ်အေးလက်အေး အပြင်ထွက်လိုက်သည်။ မီးဖိုချောင်ထဲက အသံတွေကိုကြားတော့ သူမ ချင်းကျင်း မနက်စာလုပ်နေတာဖြစ်မယ်လို့ တွေးလိုက်မိသည်။
ယောင်ယောင်က မီးဖိုချောင်ထဲချောင်းကြည့်တော့ ချင်းကျင်းရဲ့ နောက်ကျောကို မြင်လိုက်ရသည်။ အရင်က သူမ မတွေးဖူးပေမယ့် အခုကျ အဲ့ပုံစံကတကယ့်ကိုချိုမြိန်နေတာပင်
YOU ARE READING
Every Vicious woman needs a Royal husband (mm translation)
RomanceAuthor:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Episodes-31(completed)