အခန်း ၃၁.၃
အကြိမ် ၁၀၀ တိတိ လက်ထပ်ခွင့်တောင်းပြီးတော့မှယောင်ယောင်နောက်ဆုံး သူ့ကိုလက်ထပ်ခဲ့သည် အမှန်တိုင်းပြောရရင် အကြိမ် ၁၀၀ ဆိုတာက တကယ်ပင်ပန်းတာပင် ဒါမဲ့ သူမပျော်နေသရွေ့ အကြိမ် ၁၀၀ မကလို့ ၁၀၀၀ ဆိုရင်ကော ဘာအရေးလဲ ဘာလို့မလုပ်နိုင်ရမှာလဲ ပြီးတော့ လက်ထပ်တာက တသက်မှာတစ်ခါတည်းလုပ်ရတာလေ
လက်ထပ်ပြီးကာစ အတွဲ မိဘသစ်တွေ ကလေးရဲ့ ရောက်ရှိလာမှုက နည်းနည်းစောလွန်းတာကြောင့် ဟာသတွေအများကြီးဖြစ်သွားခဲ့ပေမယ့် ဒီရက်တွေမှာ ဒီအတွဲက ဝိုင်ယာကြိုးပေါ်နင်းထားမိသလို အကြောက်တရားတွေနဲ့လေ
တချို့လူတွေက ငယ်ငယ်လေးနဲ့လက်ထပ်တာ ရေရှည်မခံဘူး ဘာလို့လဲ ဆိုတော့ သူတို့က စိတ်ကစားတတ်တဲ့အရွယ်ပဲရှိသေးတာမလို့ သူတို့ ဆက်ဆံရေးကလည်း တည်မြဲနိုင်မှာမဟုတ်ဘူးလို့လေ
ချင်းကျင်းလည်း ယောင်ယောင်များ စိတ်ကုန်သွားမလားလို့တွေးမိတဲ့အချိန်တွေရှိသည်လေ
တွေးနေတုန်းမှာပဲ ယောင်ယောင်က ချင်းရီကို ကိုင်ပြီး အဝတ်စားတွေချွတ်နေပြီပင် ဒီကောင်စုတ်လေးက ဥယျာဉ်ထဲသွားဆော့လိုက်တယ်လေ အဲ့ဒါတင်မကသေးး သူက အိမ်နီးချင်းကလေးရဲ့ပါးစပ်ထဲကို ရွှံ့တွေထိုးကျွေးခဲ့တယ်လေ ဒီကလေးက ပိုပိုဆိုးလာတော့တာပဲ
အချိန်က အရာအားလုံးကိုပြောင်းလဲပေးလိုက်တာပဲ ဒီ နုံအပြီး သတ္တိရှိတဲ့ကလေးမလေးက အခုကျ အဒေါ်ကြီးနဲ့ပိုပိုတူလာတာပဲ အသက် ၂၀ ပဲရှိသေးတဲ့မိန်းကလေးဆိုပေမယ့် ဒေါသကတော့ ပိုပိုကြီးလာတာပဲ ကိစ္စသေးသေးလေးတွေက အစ ဒေါသထွက်နေတော့တာ ကလေးတွေကိုလည်း အပြစ်တင်တတ်သလို တစ်ခါတလေ အိမ်နီးချင်းရဲ့ခွေးက တအားဆူတာကိုလည်း အပြစ်တင်တတ်သည်လေ တစ်ခါတစ်လေ အိမ်က ဆားကုန်သွားတာကိုလည်း အပြစ်ပြောတတ်သလို တနေကုန် အိမ်ထဲ ရှိသမျှ အကြောင်းအကုန်ပြောဆိုနေတာ နားထောင်တဲ့သူတောင် ပင်ပန်းလာတဲ့ထိလေ
ယောင်ယောင် ကလေးကို ဆုံးမနေတာမြင်ပြီး ချင်းကျင်း လက်ထဲ လက်ဖက်ရည်ခွက်ကိုကိုင်ကာ ရယ်လိုက်မိသည်။
YOU ARE READING
Every Vicious woman needs a Royal husband (mm translation)
RomanceAuthor:Ruò Míng Yì, 若明翼 Alternative names:恶毒女配身后的极品男人 Genre:Comedy, Drama, Josei, Romance Source:Foxaholic Episodes-31(completed)