Dear My right person,(Reupload)

23.7K 285 13
                                    

~The moment I caught a glimpse of you~

''ချစ်တယ်''

''ကိုယ်ရော...အရမ်းချစ်တယ်''

ဒီတစ်ယောက်ကချစ်တယ်ပြောရင် သူလည်းချစ်တယ်လို့ပြန်ပြောသင့်တယ်လေ။ ယဥ်ကျေးမှုအရ။

''သ​ဘောကျတယ်ကိုကို့ကို''

''ကိုကိုလည်းသဘောကျတယ်''

နောက်တစ်ယောက်ကသဘောကျတယ်ဆိုရင် သူလည်းသဘောပြန်ကျပေးရမှာပေါ့။ အားနာစရာကြီး။

တစ်သက်မှာတစ်ယောက်ပဲချစ်မယ့်သူရဲ့ခံယူချက်ကို ကျွန်တော်နားမလည်ဘူး။ ကျွန်တော့်အတွက်​တော့ စစ်မှန်တဲ့သူကိုသိရဖို့ဘယ်သူ့ကိုမဆိုအတည်ပြုပြီးတွဲမှာပဲ။ ခံစားချက်အစစ်အမှန်ကိုသိရဖို့ ဘယ်မိန်းကလေးကိုမဆိုလက်ခံတွဲတဲ့ကျွန်တော်က ''အချစ်စစ်''ကိုရှာတွေ့နိုင်မယ်လို့ထင်လား။ အဲ့ဒီအတွက်​သေချာတာ​ကတော့ တိကျတဲ့အဖြေမရှိဘူး။

"ဟေ့ရောင်..မင်းချင့်ချင့်ချိန်ချိန်လဲလုပ်ဦး"

"ဘာကိုလဲ"

"မင်း..မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်တွဲနေတာကိုပြောနေတာ"

"ဘယ်သူကငါ့ရဲ့ဖူးစားရှင်အမှန်လဲဆိုတာကို ရှာနေတာလေကွာ။ ဘာကပြဿနာလဲ"

သူကတော့ပုခုံးလေးနှစ်ဖက်တွန့်ပြပြီး အပြစ်ကင်းချင်ယောင်ဆောင်နေတာမဟုတ်ဘဲ သူ့ကိုယ်သူအပြစ်ကင်းတဲ့သူတစ်ယောက်လို့ ယူဆနေလျက်ပဲ။

"ပြဿနာရယ်လို့တော့မရှိဘူးပေါ့။ ဒါပေမယ့် မင်းဟာက ဖူးစာရှင်ရှာနေတာမဟုတ်ဘဲ အပျော်တွဲသလိုဖြစ်နေတယ်"

"ဘယ်သူ့ကိုငါဂရုစိုက်ရမှာလဲ"

"တစ်နေ့မင်းရဲ့ဖူးစာရှင်က မင်းမိန်းကလေးတွေထည်လဲတွဲခဲ့တာသိသွားရင် မင်းဘယ်လိုလုပ်မလဲ"

"သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြရုံပေါ့"

"မင်းဟာကအဲ့လောက်တောင်လွယ်ကူရလားကွာ"

" ခက်ခဲ​နေစရာ​ရောဘာရှိလို့လဲ "

သူကအလုပ်ရှိအကိုင်ရှိ တက်သစ်စလူငယ်လေးတစ်ယောက်ဖြစ်သည်။ ဘွဲ့ရပြီးတာမကြာသေးပေမယ့် မိဘတွေရဲ့နောက်ခံကောင်းမှုနဲ့ အလုပ်ကောင်းတစ်ခုကိုရရှိထားသည်။ သေချာပေါက် သူ့အရည်အချင်းကလည်း နေရာရဖို့ထိုက်တန်သည်။

My Dearest 💜 (BoyxGirl)  {COMPLETED}  Where stories live. Discover now