You look different today

4K 141 8
                                    

~From then on, the eyes could never move away again~

ဒီနေ့တော့ သူကိုယ်တိုင်ရုံးကိုကားမောင်းပြီးထွက်လာခဲ့သည်။ ရုံးကိုသူကိုယ်တိုင်မောင်းလာတာက တစ်ခါတစ်လေမှဖြစ်သည်။ ဒီနေ့တော့သွားနေကြလမ်းကြောင်းမဟုတ်တဲ့ဖြတ်လမ်းကို သူပတ်မောင်းတော့ ရုံးကသိတဲ့သူတစ်ယောက်ကိုသွား​တွေ့သည်။ နောက်ကြောပုံစံတွေ့တာနဲ့တင် ဘယ်သူမှန်းသူတန်းသိသည်။ သူ​မြင်ရတဲ့လူသွားလမ်းဘက်က အပြေးအလွှားလျှောက်နေတဲ့သူက သူ့ဌာနကလူသစ်လေးဖြစ်သည်။ သူမောင်းတဲ့လမ်းကလမ်းကျဥ်းလေးဖြစ်တော့ ဖြေးဖြေးချင်းမောင်းနေရာကနေ သူသတိထားမိသွားခဲ့တာဖြစ်သည်။

အမြဲတမ်းပေါ့ပေါ့ပါးပါးအင်္ကျီတွေနဲ့ ဂျင်းဘောင်းဘီကိုဝတ်ဆင်တတ်တဲ့သူ၊ အလှအိတ်တွေနဲ့မဟုတ်ဘဲကျောပိုးလွယ်အိတ်တစ်လုံးမှာပစ္စည်းတွေနဲ့ပြည့်နှက်နေတဲ့သူ၊ လှလှပပဒေါက်ဖိနပ်တွေနဲ့မဟုတ်ဘဲအမြဲ Sneaker ပဲဝတ်ဆင်တတ်တဲ့သူ၊ ပြင်ဆင်ဆေးခြယ်ထားချင်းမရှိဘဲ အမြဲတမ်းစည်းနှောင်ထားတဲ့ဆံပင် နဲ့ ကြည့်ကောင်းရုံတမယ်လိမ်းခြယ်ထားတဲ့အလှအပ။ ဘာမှထူးထူးခြားခြားမရှိလှတဲ့သူကို သူကဘာလို့ထူးထူးခြားခြားတစ်ခုချင်းစီကိုမှတ်မိနေရတာလဲဆိုတာက ပိုပြီးဆန်းကြယ်နေသလားပဲ။ အရမ်းကိုသာမာန်ဆန်တဲ့သူတစ်ယောက်ကို အခုလိုသူတစ်ခုချင်းစီအသေးစိတ်မှတ်မိနေတာက သူ့မှတ်ဥာဏ်ပဲကောင်းလို့များလား။

"ကားဟွန်းတီးသံ"

ဟွန်းတီးသံကြောင့် သူ့ကိုလမ်းလျှောက်နေတဲ့သူတော်တော်များများကကြည့်လာသည်။ ဒါပေမယ့် လူသစ်တော့မပါဘူး။ အဲ့ဒါကြောင့် နန္ဒနောင်​နောက်ထပ်တစ်​ခေါက်ထပ်တီးသည်။ သူအော်ပြောရင်လည်းမကြားမယ့်တူတူ ပတ်ဝန်းကျင်ကိုပဲအနှောင့်အယှက်ပေးရတော့မည်။

ကားဟွန်းတီးသံကဆက်တိုက်လိုလိုဆူညံလာတော့ ပွင့်ဖူးနေကြာတစ်ယောက်နားငြီးလာသည်။ ဘာကြောင့်အဲ့လောက်တောင်တီးနေရလဲလို့ဒေါနဲ့မောနဲ့လှည့်ကြည့်မိတဲ့အချိန်တဒင်္ဂလေးမှာတင်ပဲ သူ့ရဲ့အမျက်ဒေါသတွေကလွင့်စင်သွားသည်။

"ကိုနန္ဒနောင်"

သူ့ကိုကားပေါ်တက်လို့ ကိုနန္ဒနောင်ကအမူအရာပြလာသည်။ သူလည်းအပြေးအလွှားပဲကားပေါ်ပြေးတက်သည်။ အခုလိုတိုက်ဆိုင်တာကို သူအရမ်းကျေးဇူးတင်နေသည်။ နည်းနည်းတော့ နေရခက်ပေမယ့်လို့ပေါ့။

My Dearest 💜 (BoyxGirl)  {COMPLETED}  Where stories live. Discover now