Someone secretly in love with you

3.7K 125 5
                                    

~If someone likes to get close to you and they will move their eyes shyly when they see you, it's excatly in love with you~

ဒီနေ့ကရုံးပိတ်ရက်မို့ နန္ဒနောင်အိမ်မှာတစ်နေ့လုံးရှိနေသည်။ သူ့ကိုအပြင်သွားဖို့ချိန်းနေတဲ့သူတွေတော့ရှိပေမယ့် ပိတ်ရက်လေးမှာပဲဖြစ်ဖြစ် တစ်ယောက်တည်းသီးသန့်အေးအေးဆေးဆေး​လေးနေချင်သည်။ ဘယ်သူ့ကိုမှလည်း အဆက်အသွယ်မလုပ်ချင်ဘူး။ အလုပ်ကိုလည်းအိမ်အထိသယ်လာပြီး မလုပ်ချင်ဘူး။

" သား..အမေ့ကိုစျေးသွားဝယ်ပေးမလား "

" အမေကဘာလိုလို့လဲ "

" အမေစာရင်းလုပ်ထားတာရှိတယ်။ အဲ့အတိုင်းဝယ်လာပေးရင်ရပြီ "

" ရတယ်လေ။ သားသွားလိုက်မယ် "

သူတို့အနီးနားကမားကတ်တစ်ခုမှာအမေလိုချင်တဲ့စာရင်းအတိုင်း ပစ္စည်းတွေကို​စျေး​ခြင်းထဲအပြည့်ကောက်ထည့်ပြီးဝယ်ခဲ့သည်။ အပြန်လမ်းမှာကော်ဖီသောက်ချင်လာတာနဲ့ ကဖီးဆိုင်တစ်ခုကိုဝင်သည်။

" ကျွန်တော့်ကို Double shot Cappuccino တစ်ခွက်ပေးပါ "

" ဟုတ်။ ခဏလေးစောင့်ပေးပါနော် "

သူကော်ဖီတစ်ခွက်မှာပြီးစောင့်နေတဲ့အချိန်မှာ နားကြပ်တပ်ထားပြီးသီချင်းနားထောင်နေလိုက်သည်။ မှာထားတဲ့ကော်ဖီလည်းရရော ကားပေါ်တက်ပြီးအိမ်ကိုပြန်မောင်းလာခဲ့သည်။

" ငါသောက်နေကြကော်ဖီပဲကို ဘာလို့အရသာကထူးဆန်းနေရတာလဲ "

သူ့ပါးစပ်ကဒီအရသာမဟုတ်တဲ့ တစ်ခြားအရသာတစ်ခုကိုစွဲမက်နေတဲ့ပုံပဲ။ သူ့ကိုယ်သူအကြိုက်လုံးဝမပြောင်းဘူးလို့ ယုံကြည်ထားခဲ့တာ။

" ပြန်ရောက်ပြီလား "

" ဟုတ် "

" သားညနေဘာစားချင်လဲ "

" သားကြိုက်တဲ့ဟင်းအမေသိပါတယ် "

ပိတ်ရက်ဆိုအမေကသူကြိုက်တာတွေကို ဦးစားပေးပြီးချက်သည်။ အဖေကတော့သူ့ကိုသဝန်တိုနေတော့မှာပဲ။

ညစာစားတဲ့အချိန်ရောက်တော့ သူတို့မိသားစုဝိုင်းမှာလူစုံနေသည်။ သူကတစ်ဦးတည်းသောသားဖြစ်သည်။ မိဘတွေကသူ့ကိုဆိုအရမ်းအလိုလိုက်သည်။ အဘိုးအဘွားဆွေးမျိုးသားချင်း​တွေကလည်း သူ့ကိုဆိုသည်းသည်းလှုပ်ပြီးချစ်ကြသည်။ အဲ့ဒါကြောင့်လည်း သူ့မှာအချစ်တွေပေါများနေတာထင်သည်။ အားလုံးကသူ့အပေါ်ချစ်ခင်ပြီးကောင်းပေးသလိုမျိုး သူလည်းအခြားသူအပေါ်မှာချစ်ခင်ပြီးကောင်းပေးရမယ့်တာဝန်ရှိတယ်လို့ ယူဆထားခဲ့သည်။

My Dearest 💜 (BoyxGirl)  {COMPLETED}  Where stories live. Discover now