I'm not a playboy

3.8K 148 12
                                    

~I really pray for true love that's why I don't play with love~

ပွင့်ဖူးနေကြာမနက်မိုးလင်းလို့မျက်လုံးဖွင့်လိုက်တာနဲ့ နေရောင်ခြည်စူးစူးကပြတင်းပေါက်လိုက်ကာကိုတောင်ဖြတ်ပြီး အိမ်ထဲထိတောင်အလင်းရောင်ကထိုးဖောက်နေသည်။ သူအမြဲထနေတဲ့အချိန်ရောက်ပြီမို့ နှိုးစက်မလိုလည်းသူနိုးလာသည်။ အိပ်ယာကနေထလိုက်တော့ သူ့ခေါင်းမိုက်ခနဲမူးသွားသလိုပဲ။ ပြီးတော့ သူ့ကိုယ်သူသေချာပြန်ငုံ့ကြည့်လိုက်တော့ မနေ့ကအဝတ်အစားအတိုင်းပဲရှိနေသေးသည်။ တစ်ကိုယ်လုံးလည်းအရက်စော်နံနေသည်။ မဖြစ်တော့ဘူး။ ရေချိုးမှပဲ။

ရေချိုးခန်းထဲရောက်သွားတော့ မှန်ရှေ့မှာရှုပ်ပွနေတဲ့ဆံပင်နဲ့လူတစ်ယောက်ကိုမြင်လိုက်ရသည်။ မှန်ထဲကကိုယ့်ရုပ်ကိုကိုယ်ပြန်ကြည့်ပြီး ပွင့်ဖူးနေကြာလန့်သွားသည်။ ရေမိုးချိုးပြီးသွားတိုက်သန့်စင်ပြီးလို့ ရေဆာလို့ရေသောက်မယ်ကြံတော့ ခွက်ရှာမတွေ့ဘူး။ ငါဘယ်နားသွားပစ်ထားပြန်တာလဲလို့ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပြီး ခွက်မရှာတော့ဘဲ ရုံးသွားဖို့ပြင်ဆင်သည်။

အိမ်ကထွက်လာတော့ ရေတစ်ဘူးဝင်ဝယ်သည်။ ပြီးတော့ မနက်စာကားပေါ်မှာစားလို့ရအောင်ဝင်ဝယ်သည်။ ပြီးတော့ ကားမှတ်တိုင်မှာကားရပ်စောင့်သည်။ စောင့်နေရင်းနဲ့မနက်စာကိုစားဖြစ်နေသည်။ ကားလာလို့ကား​ပေါ်တက်သွားပြီး နေရာရတာနဲ့နားကြပ်တပ်လိုက်သည်။ ပြီးရင်ရုံးမရောက်ခင်အထိ ပွင့်ဖူးနေကြာတောက်လျောက်အိပ်တော့သည်။

သူဆင်းရမယ့်မှတ်တိုင်ရောက်တော့ အသိစိတ်နဲ့မျက်လုံးကပွင့်လာသည်။ ရုံးရောက်လာတော့ ဌာနရုံးခန်းကိုရောက်ဖို့ဓာတ်လှေကားကိုသူစီးသည်။ ဓာတ်လှေကားထဲမှာ သူ့အပြင်တခြားဌာနကလူတွေအများကြီးပဲ။ တစ်ချို့မိန်းကလေးတွေဆို ရုံးကိုလာဖို့ပြင်ဆင်ထားကြတာလန်ပြန်နေတာပဲ။ အဲ့ဒီလိုတွေ့ရတော့လည်း သူ့ကိုယ်သူပြန်ငုံ့ကြည့်မိသည်။ ငါကအမြဲစုတ်ပြတ်သတ်နေတာပဲ။

ဌာနအထပ်ကိုရောက်လာတော့ သူ့ရဲ့ထုံးစံအတိုင်းအစ်ကိုတွေကိုမနက်ခင်းနှုတ်ဆက်ပြီးသူ့နေရာသူထိုင်ချလိုက်သည်။ ထိုင်ချလိုက်ပြီးသူ့ရှေ့စားပွဲကိုသူပြန်ကြည့်တော့ လက်ဆောင်ဘူးလေးတစ်ဘူးရှိနေသည်။ သူ့ပစ္စည်းမဟုတ်တာတော့သေချာသည်။ ဘယ်သူကနေရာမှားပြီးလာချထားတာလဲလို့ မျက်လုံးကဟိုလူကြည့်ဒီလူကြည့်နဲ့လိုက်ရှာနေမိသည်။ အရင်ဆုံးသူ့ပစ္စည်းမဟုတ်တာကြောင့် ဘေးဖယ်ထားလိုက်သည်။

My Dearest 💜 (BoyxGirl)  {COMPLETED}  Where stories live. Discover now