~It's the simple things you do but I like it. It feels so simple but I love it. Loving always, it feels just right I can't explain it~
နောက်တစ်နေ့မနက်ရုံးကိုပြန်ရောက်လာကြတဲ့အချိန်မှာ နန္ဒနောင်အရင်ဆုံးမျက်လုံးထဲပြေးရှာနေမိတာက လူသစ်လေးကိုဖြစ်သည်။
"မော်နင်း"
"မော်နင်း"
"ဘယ်သူ့ကိုရှာနေတာလဲ"
"မရှာဘူး"
"ငါမင်းကိုစိတ်ဝင်စားစရာတစ်ခုပြစရာရှိတယ်သိလား"
"ဘာလဲ"
"ခဏလေး"
ဖုန်းထုတ်ပြီးသူ့ကိုပြဖို့စိတ်လောနေသည်။ ပြလာတဲ့ဓာတ်ပုံတစ်ပုံကြောင့် နန္ဒနောင်လန့်သွားသည်။
"မနေ့ညကငါရိုက်ထားတာ။ ဒီပုံသာ Office Homepage ထဲရောက်သွားရင်တော့ ရုံးကမိန်းကလေးတွေအသည်းကွဲပြီပဲ"
"ဖျက်လိုက်"
"ဘာလို့ဖျက်ရမှာလဲကွ"
"ငါ့ကိုအဲ့ပုံပို့ပေး။ ပြီးရင်ဖျက်လိုက်"
"ဖျက်လိုက်ရင်ငါဘာပြန်ရမှာလဲ"
"ဒီနေ့နေ့လယ်စာဝယ်ကျွေးမယ်"
"တစ်ကယ်လား"
"အေး"
"ကော်ဖီပါဝယ်တိုက်"
"ရတယ်"
"အိုကေ။ မင်းဆီပို့ပေးလိုက်မယ်"
"ဖျက်ဖို့မမေ့နဲ့နော်ဟေ့ရောင်"
"ငါသိပါတယ်ကွာ"
ဒီကောင်အမြဲတမ်းသူ့ကိုစနောက်နေတတ်တာမို့ ဘာသဘောမှမရှိဘဲစချင်နောက်ချင်ရုံသက်သက်ရိုက်ထားမှန်းသိသည်။ မထင်မှတ်ပဲရိုက်ထားတဲ့ပုံက သူ့မျက်စိကိုဆွဲဆောင်နေသည်။ သူတို့တွေတူတူရှိနေရင်အခုလိုပုံရိပ်မျိုးလားလို့ ပို့လာတဲ့ပုံကိုခဏခဏပြန်ကြည့်မိနေသည်။
"မော်နင်းအစ်ကိုတို့"
"မော်နင်းညီမလေး"
ဒီတစ်ခါတော့ကိုနန္ဒနောင်ကို သူမနှုတ်ဆက်တော့ဘူး။ မျက်နှာချင်းဆိုင်လိုက်ရင် ညတုန်းကအကြောင်းကသူ့ခေါင်းထဲပြန်ပြန်ပေါ်လာလို့ မေ့နိုင်ဖို့ကြိုးစားနေသည်။ ကိုနန္ဒနောင်လိုလူမျိုးနဲ့သွားပတ်သက်ရင် သူပဲခံစားရမှာကိုသိသည်။ သူ့လိုရည်းစားအတွေ့အကြုံမရှိတဲ့သူက ကိုနန္ဒနောင်နဲ့လိုက်ဖက်အောင်တွဲစပ်လို့မရနိုင်ဘူး။
YOU ARE READING
My Dearest 💜 (BoyxGirl) {COMPLETED}
Romance" I LOVE YOU" Perfect means nothing to me without you. " အဲ့ဒီသူနဲ့ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုကိုထူထောင်ဖို့ယုံကြည်ချက်ရှိတဲ့တစ်နေ့ကျွန်မလက်ထပ်မယ် " ~ပွင့်ဖူးနေကြာ " သူမကအဲ့ဒီအချိန်အခိုက်အတန့်လေးမှာအရမ်းကိုလှနေခဲ့တယ်။ ကျွန်တော့်မျက်စိထဲမှာတော့သူမကလ...