~My dear right person, now I don't believe in fate. I believe my heart~
သူတို့နှစ်ယောက်သဘောတူညီမှုယူပြီးတဲ့နေ့ကစပြီးတော့ ပွင့်ဖူးနေကြာရော နန္ဒနောင်ရော တစ်ယောက်ကိုတစ်ယောက်ထင်သလောက်ထိ နေရမခက်ကြတော့ဘူး။ သူတို့နှစ်ယောက်ကတော့ အရင်လိုပဲသူတို့ကိုယ်သူတို့ ပုံမှန်လိုပဲသွားလာလှုပ်ရှားပြောဆိုနေကြတယ်လို့ထင်နေကြပေမယ့် ဘေးလူတွေကတော့ သူတို့ပုံမှန်မဟုတ်တော့တာကိုရိပ်မိနေကြသည်။
"မင်းတို့နှစ်ယောက်ကဘာလဲ။ ရုံးကိုတူတူလာတဲ့ရက်တွေများနေတယ်နော်"
"ရုံးရှေ့မှာတွေ့တာ"
"တိုက်ဆိုက်လိုက်လှချည်လားကွာ။ မနေ့ကလည်း လမ်းတစ်ဝက်မှာတွေ့ကြတာဆို။ ငါတော့အလာလမ်းမှာ ဘယ်သူနဲ့မှမတွေ့ဘူး။ ငါပဲကံဆိုးတာလား"
"မင်းကံပေါ့။ ဘယ်တတ်နိုင်မလဲ"
သူ့တို့ကိုလက်ပူးလက်ကြပ်မတွေ့သေးသ၍တော့ နှစ်ယောက်လုံးက ဘူးခံပြီးငြင်းနေကြဦးမှာပဲ။ ကိုနန္ဒနောင်ကို ပွင့်ဖူးနေကြာလက်ခံလိုက်တယ်လို့တော့မဟုတ်ပေမယ့် မငြင်းထုတ်တော့ဘူး။ သူ့ကိုယုံကြည်ပေးပါလို့တောင်းဆိုထားတဲ့အပေါ်မှာ ကိုနန္ဒနောင်ကတာဝန်ကျေနေသည်။ အဲ့ဒါကြောင့် သူ့စိတ်လေးယိုင်မိတော့မယ်ထင်သည်။
"တူတူပြန်မယ်။ အစ်ကို့ကိုစောင့်ဦး"
"ညီမဒီနေ့အချိန်ပိုင်းရှိတယ်"
"ဟုတ်လား။ တူတူပြန်လို့မရတော့ဘူးလား"
"မနက်ဖြန်မနက်တွေ့မယ်"
"ဒါဆိုမနက်ဖြန်အိမ်ရှေ့ကိုအစ်ကိုအစောကြီးလာခဲ့မယ်"
သူအရင်ပြန်သွားတာကို ကိုနန္ဒနောင်ကမကြိုက်တဲ့ပုံပဲ။ အမြဲတမ်းတူတူလာ တူတူပြန်ချင်နေတယ်နဲ့တူသည်။ ကိုနန္ဒနောင်ဘက်က သူ့ကိုဒီလောက်ထိတွယ်ကပ်လာလိမ့်မယ်လို့ မထင်ထားဘူး။ သူ့ကိုခဏတာစိတ်ဝင်စားပြီးလိုက်နေတယ်လို့ပဲ ထင်ထားခဲ့တာ။ အချိန်တန်ရင် သူ့နားကနေခွာသွားမယ်လို့ထင်ခဲ့တာ။
အခုဆိုကိုနန္ဒနောင်က တစ်ခြားမိန်းကလေးတွေနဲ့လည်း အဆက်အသွယ်တွေဖြတ်နေတာသိသိသာသာတွေ့ရသည်။ အရင်ကလို အမြဲတမ်းအိုကေနေတဲ့သူလိုမလုပ်တော့ဘူး။ တစ်ချို့တွယ်ကပ်လာတဲ့မိန်းကလေးတွေကို တတ်နိုင်သလောက်စည်းတားနေတာကိုလည်း သူမြင်နေရသည်။ တစ်ကယ်ပဲ ကိုနန္ဒနောင်ကသူ့အပေါ်စိတ်ရင်းလား။ သူယုံကြည်လက်ခံလိုက်ရတော့မလား။
YOU ARE READING
My Dearest 💜 (BoyxGirl) {COMPLETED}
Romance" I LOVE YOU" Perfect means nothing to me without you. " အဲ့ဒီသူနဲ့ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုကိုထူထောင်ဖို့ယုံကြည်ချက်ရှိတဲ့တစ်နေ့ကျွန်မလက်ထပ်မယ် " ~ပွင့်ဖူးနေကြာ " သူမကအဲ့ဒီအချိန်အခိုက်အတန့်လေးမှာအရမ်းကိုလှနေခဲ့တယ်။ ကျွန်တော့်မျက်စိထဲမှာတော့သူမကလ...