~I want to brainwash you into loving me forever~
အဆင့်မြင့်စားသောက်ဆိုင်မှာ အစားအစာနဲ့အတူတည်ခင်းဧည့်ခံပေးထားတဲ့ဝိုင်ရဲ့အရသာက တော်တော်လေးစွဲမက်ဖို့ကောင်းသည်။ ပွင့်ဖူးနေကြာစမ်းကြည့်ဖူးတဲ့ဝိုင်ရဲ့အရသာထဲက တစ်ကယ့်ကိုအကောင်းဆုံးပဲ။
"ညီမထပ်ယူဦးမလား"
"နောက်တစ်ခွက်ပဲပေးပါ"
သူအစကမသောက်တော့ဖို့လုပ်ပေမယ့် အရသာတွေ့နေတာကြောင့် မလွှတ်ချရက်ဘူး။ တစ်ချို့အရာတွေက ကိုယ့်အတွက်မကောင်းစေမှန်းသိရဲ့သားနဲ့လည်း မလွှတ်ချရက်အောင်စွဲမက်နေမိတာမျိုးတွေ ရှိတတ်တယ်မလား။
"အစ်ကိုပြောတာက အစ်ကိုကပွေတတ်ရှုပ်တတ်တဲ့သူမဟုတ်ဘူး...အဲ့လိုလား"
"အင်း"
"ဒါပေမယ့် အစ်ကိုကကောင်မလေးတွေအများကြီးတွဲနေတယ်လေ"
"အဲ့ဒါက ဘယ်လိုပြောပြရမလဲဆိုတော့.."
"အစ်ကိုကလူတိုင်းကိုလက်ခံတယ်လို့ကြားတယ်"
"မဟုတ်ဘူး။ လက်ခံစရာလား"
"ဘာလို့လဲ။ လက်ခံလေ။ ပွင့်ဖူးလည်းအစ်ကိုနဲ့တွဲကြည့်ချင်လို့"
ဝိုင်နှစ်ခွက်နဲ့လူသစ်ကိုမူးအောင်လုပ်နိုင်မယ်လို့ နန္ဒနောင်မထင်ထားခဲ့ဘူး။ အခုတော့ သူ့ကိုပုံစံမပျက်ဘဲရီဝေဝေလေးနဲ့ရစ်နေသည်။ စကားကိုလေးလေးပင်ပင်ပြောပြီး ချွဲချွဲနွှဲ့နွှဲ့လေးဖြစ်လာသည်။ သူ့ကိုယ်သူပွင့်ဖူးလို့သုံးနှုန်းနေတာကိုကြည့်ရရင်တော့ မူးနေတာသေချာသလောက်ကိုရှိသည်။
"ညီမတစ်ကယ်ပြောတာလား"
"ပွင့်ဖူးတစ်ကယ်ပြောတာ။ အစ်ကိုနဲ့တွဲကြည့်ချင်တယ်။ ပွင့်ဖူးရဲ့အချစ်ဦးဖြစ်ပေးမလား"
"အချစ်ဦး..?"
နန္ဒနောင်ရဲ့အပြုံးက ပါးစပ်ကနေနားရွက်တက်ချိတ်တော့မတတ်ပဲ။ မူးနေတဲ့သူက စိတ်ရင်းအမှန်ကိုပြောတတ်မှန်းသူသိတာကြောင့် အခုလူသစ်စကားကကျိန်းသေပေါက်စိတ်ရင်းဖြစ်လိမ့်မည်။ သူရင်လည်းတုန်သလို စိတ်လည်းလှုပ်ရှားပြီး ပျော်လည်းပျော်သည်။ ဒါပေမယ့် ဒီစကားကိုသူအကြွင်းမဲ့ယုံကြည်လိုက်လို့ဖြစ်ပါ့မလား။ သူမက အခုသူ့ကိုအရင်ဆုံးစတွဲဖို့ပြောလာတာကို သူအခုချက်ချင်းလက်ခံလိုက်ရင် သူတို့ဒီနေ့ကစပြီးတွဲတဲ့ဆက်ဆံရေးတစ်ခုဖြစ်သွားပြီ။ ဘယ်လိုလုပ်ရမလဲ။ သူလက်ခံလိုက်ရမလား။ ဒါပေမယ့် မူးနေတဲ့သူကိုလည်းအခွင့်အရေးမယူချင်ဘူး။
YOU ARE READING
My Dearest 💜 (BoyxGirl) {COMPLETED}
Romance" I LOVE YOU" Perfect means nothing to me without you. " အဲ့ဒီသူနဲ့ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုကိုထူထောင်ဖို့ယုံကြည်ချက်ရှိတဲ့တစ်နေ့ကျွန်မလက်ထပ်မယ် " ~ပွင့်ဖူးနေကြာ " သူမကအဲ့ဒီအချိန်အခိုက်အတန့်လေးမှာအရမ်းကိုလှနေခဲ့တယ်။ ကျွန်တော့်မျက်စိထဲမှာတော့သူမကလ...