ကျွန်တော်ရောက်ရှိနေသည်က အမှောင်ထုတစ်ခု။ပိတ်ပိတ်မှောင်နေသည့် အမှောင်ထုထဲတွင်လမ်းစ တစ်ခုတောင်ရှာမတွေ့ပဲ ကျွန်တော်လမ်းပျောက်နေခဲ့သည်။ရင်ဘတ်ထဲက နှလုံးသားတစ်ခုဟာ တဆစ်ဆစ်နာကျင်လျက်။အောင့်မျက်နာကျင်နေသည့် နှလုံးသားရှိရာ ရင်ဘတ်ကိုဆုပ်ကိုင်ရင်း ဘာကိုမှမမြင်ရသည့် အမှောင်ထုထဲ ကျွန်တော်ဦးတည်ရာမဲ့စွာ ပြေးလွှားနေမိသည်။
ကျွန်တော်ပြေးလွှားနေခဲ့သည်မှာ အချိန်ဘယ်လောက်ကြာသွားသည်မသိ။ကျွန်တော်အလွန်ပင် ပင်ပန်းနွမ်းနယ် မောဟိုက်နေ၏။ထိုအချိန်တွင် ကျွန်တော့်ရှေ့ခပ်လှမ်းလှမ်းတွင် မြင်လိုက်ရသည့် အလင်းတန်းတစ်ခု။ဖြူလွှလွှပုံရိပ်လေးတစ်ခုက သူရပ်နေသည့်နေရာတစ်ဝိုက်တွင် တောက်ပစွာလင်းထင်းနေ၏။ ကျွန်တော် ထိုအဖြူရောင်အရိပ်လေးဆီတဟုန်ထိုး ပြေးလာခဲ့သည်။ထိုအရိပ်လေးနား ရောက်ခါနီးမှာ ထိုအရိပ်ဖြူလေးဟာ လှစ်ခနဲပြေးထွက်သွား၏။ပြေးထွက်သွားသည့်အရိပ်ကလေးနောက် ကျွန်တော်ဆက်လိုက်သည်။သို့ပေမဲ့ ထိုအရိပ်ကလေးဟာ မှောင်မဲနက်ရှိုင်းနေသည့် ချောက်နက်တစ်ခုအတွင်းသို့ ခုန်ဆင်းပျောက်ကွယ်သွားလေ၏။
" အား ... "
မောဟိုက်စွာနိုးထလာခြင်းနဲ့အတူကျွန်တော့်မျက်လုံးတွေဟာလည်းဝေဝါးလျက်။မီးရောင်ကြောင့်ကြိမ်းစပ်သွားသည့်မျက်လုံးများကိုပြန်၍ပိတ်လိုက်မိသည်။
ဦးနှောက်ထဲအသိဝင်လာသည်နှင့်နှာခေါင်းထဲသို့ပထမဆုံးတိုး
ဝင်လာသည့်ဆေးနံ့များ။ဆူညံညံအသံတချို့ကိုပါသူကြားနေရသည်။မူးနောက်နောက်ဖြစ်နေသည့်ခေါင်းကိုအုပ်ကိုင်ကာသူလှဲနေရာမှထလိုက်သည်။အားလုံးကိုပီပြင်စွာမြင်ရသည်နှင့်သူသိလိုက်ရသည်က သူရောက်နေသည်မှာဆေးရုံတစ်ခု၏ကုတင်တစ်ခုတွင်ဖြစ်သည်။သွားလာလှုပ်ရှားနေကြသည့် ဆရာဝန်အချို့နှင့်သူနာပြုအချို့။ကုတင်အသီးသီးတွင်ရှိနေကြသော လူနာများ။ထိုးကိုက်လာသည့်ခေါင်းကိုခါပစ်လိုက်ကာနာနေသည့်နောက်စေ့ဘက်ကိုသူအသာထိလိုက်သည်။" ရှင် သတိရလာပြီလား "
လက်ထဲတွင်စာအုပ်လေးကိုင်ကာအနားရောက်လာသည့်သူနာပြုဆရာမလေး၏အမေးကိုသူခေါင်းငြိမ့်ပြလိုက်သည်။
YOU ARE READING
Ghost
FanfictionI want you to know that if I can't be close to you I'll settle for the ghost of you