Ghost 11

302 35 2
                                    

ဆောနူအထက်တန်းနောက်ဆုံးနှစ်ပြီးသွားတဲ့အတွက်အိမ်က
ဆောနူဝါသနာပါရာပန်ချီသင်တန်းကိုတက်စေသည်။ဆောနူမိဘတွေကရှေးရိုးဆန်ကြပေမဲ့ဆောနူရဲ့ဝါသနာနဲ့စိတ်ခံစားချက်ကိုပိုဦးစားပေးကြသည်။အလိုလိုက်တာမျိုးမဟုတ်ပဲစည်းကမ်းတကျလေးနဲ့ကြီးပြင်းစေကြသည်။ဒီ့အတွက်ဆောနူမှာ မိဘနှစ်ပါးလုံးကိုကျေးဇူးတင်သလိုချစ်ခင်လေးစားရသည်။ဆောနူအတွက် ဖေဖေနဲ့မေမေကမိဘကောင်းတွေဆိုတာထက်ပိုပါသည်။

အလုပ်တွေနဲ့မအားလပ်ပေမဲ့ကိုယ်ပိုင်အချိန်တွေမှာဆောနူကိုနွေးထွေးစွာထွေးပွေ့တတ်ကြသည်။ဆောနူအတွက်ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီးမျက်နှာမငယ်ဖူးခဲ့ပါ။ဆောနူဘဝလေးကပြည့်စုံထက်တာထက်နွေးထွေးမှုတွေလွှမ်းခြုံထားတဲ့အသိုက်အမြုံလေးထဲစိတ်ချမ်းသာစွာနေထိုင်ရခြင်းဖြစ်၏။

______

" ကိုကို စောင့်နေတာကြာပြီလား "

" မကြာသေးဘူး ယွန်း "

ကျွန်တော်နဲ့မမရောက်လာ‌တော့အကိုကပြုံးရွှင်စွာကြိုဆို၏။
သမီးရည်းစားချိန်းတွေ့ကြတာမျိုးဆိုပေမဲ့အိမ်ကမမကိုဆောနူပါမှလွှတ်တတ်သည်။ဆောနူလည်းအထက်တန်းစာမေးပွဲပြီးထားတာမကြာသေးတော့အားလပ်ချိန်တွေရနေ၏။ဒါကြောင့်မမနောက်သာတကောက်ကောက်လိုက်နေရသည်။

" ဘာစားကြမလဲ ကိုယ်သွားမှာပေးမယ် "

အကိုက စားစရာတွေမေးကာသူကိုယ်တိုင်သွားယူပေး၏။တကယ်ချစ်သူပီသတဲ့အကိုပါပဲ။ချစ်သူတွေဆိုပေမဲ့မမဘက်ကအကို့နဲ့အမြဲတွေပေးနိုင်ခြင်းမရှိ။ဒါကိုလည်းအကိုကငြိုငြင်ခြင်းမရှိသလို၊တစ်ခွန်းတစ်ဘာသာမှပင်စောဒကမတက်ရှာခဲ့။
အကိုကအနေအေးတယ်။ယောက်ျားပီသတယ်။ချောမောခန့်ညားတယ်။အကို့လိုလူမျိုးနဲ့မမတွေ့ခဲ့ရတာကံကောင်းပါရဲ့သားနဲ့မမကအရမ်းဆိုးပါသည်။

စားစရာတွေသယ်ကာပြန်လာသည့်အကိုကမမကိုမတွေ့တော့ခေါင်းဝေ့ရှာ၏။

" မမဖုန်းသွားပြောတယ် အကို "

အကိုကပြုံးကာခေါင်းကလေးငြိမ့်ပြ၏။ခဏအကြာမမပြန်ရောက်လာသည်။

You've reached the end of published parts.

⏰ Last updated: Nov 15, 2022 ⏰

Add this story to your Library to get notified about new parts!

GhostWhere stories live. Discover now