Ghost 7

304 35 5
                                    

သူတို့နှစ်ယောင်ထိုင်နေသည့်ဆိုင်လေးက ဆောင်းဟွန်းတိုက်ခန်းနှင့်သိပ်မဝေးတာကြောင့်လမ်းလျှောက်လာခဲ့ကြပြီး
လမ်းလျှောက်ပြန်ခဲ့ကြသည်။သူတို့ပြန်လာ‌တော့ညနေတောင်စောင်းနေပြီ။ထွေရာလေးပါးပြောရင်းဆိုင်လေးမှာအတော်ကြာထိုင်ဖြစ်ခဲ့ကြသည်။

" ဒီည မင်းတိုက်ခန်းမှာအိပ်မယ်နော် "

" မနက် ငါ အလုပ်သွားရမှာ "

ဆောင်းဟွန်းရဲ့နားရက်ကစနေနေ့တစ်ရက်သာဖြစ်ပြီးတစ်ပတ်မှာခြောက်ရက်လုံးအချိန်ပိုင်းအလုပ်တွေနဲ့သာနပန်းလုံးနေရသည်။

" ငါသိပါတယ် ၊ အခုမှမင်းအိမ်ကိုငါနဲ့စိတ်မချဖြစ်နေတာလား "

" မဟုတ်ပါဘူး ၊ မင်းတစ်ယောက်တည်းဖြစ်နေမှာဆိုးလို့ပြောတာ "

" မင်းမရှိတဲ့အချိန် ငါ အဖိုးအိမ်သွားနေမှာ၊
မနက်ဖြန်ညနေလောက်မှပြန်မယ် "

ဟီဆွန်းနေသည့်နေရာနှင့်ဆောင်းဟွန်းနေသည့်နေရာကသိပ်ဝေးလှသည်တော့မဟုတ်။နေ့ချင်းပြန်အသွားအပြန်လုပ်လို့ရသည့်လမ်းခရီးဖြစ်၏။ဟီဆွန်းမှာကားရှိနေတော့ပိုလို့အဆင်ပြေသည်။

" မင်းအဆင်ပြေရင်ပြီးတာပါပဲ "

နှစ်ယောက်သားစကားတပြောပြောနှင့်လမ်းလျှောက်လာရင်း
ညနေခင်းလေနုလေးတစ်ချက်ဝှေ့တိုက်လာ၏။ထိုလေအဝှေ့မှာဆောင်းဟွန်းရင်ဘတ်ဆီသို့လာကပ်နေသည့်သတင်းစာတစ်ခု။ဘာရယ်မဟုတ်သတင်းစာကို ဆောင်းဟွန်းယူဖတ်ကြည့်မိလိုက်သည်။

! အဝေးပြေးလမ်းမတစ်နေရာတွင်ကားတစ်စီးတိမ်းမှောက်ကာမိသားစုသုံးယောက်လုံးပွဲချင်းပြီးသေဆုံးခဲ့သောဖြစ်ရပ် !

ထိုခေါင်းစဉ်ကသာမန် ကား accidentအမှုတစ်ခုဖြစ်ပေမဲ့ထိုအကြောင်းအရာကို ဆောင်းဟွန်းစိတ်ထဲသိချင်စိတ်တို့ပြင်းပြနေ၏။ထို ကား accident တွင်သေဆုံးသူများ၏အမည်များကို ဆောင်းဟွန်းလိုက်ဖတ်နေမိသည်။
ထိုအချိန်သူမြင်လိုက်ရသောနာမည်တစ်ခု။

" ကင်မ်ဆောနူ "

သူအသံတိတ်ရေရွတ်မိလိုက်သည်။

GhostWhere stories live. Discover now