ညနေ 6နာရီမထိုးခင်ကျွန်တော်အလုပ်လုပ်ရမည့် Bar ၏လိပ်စာအတိုင်း taxi ငှားကာသွားလိုက်သည်။လုပ်ခဲ့ဖူးသည့်အလုပ်တစ်ခုဖြစ်ပေမဲ့ယခုအချိန်မှာတော့ပထမဆုံးအလုပ်တစ်ခုလိုခံစားချက်အသစ်တွေရနေ၏။အဆင်ပြေပါ့မလားဆိုတဲ့စိတ်မဝင်ပေမဲ့နည်းနည်းတော့စိတ်လှုပ်ရှားတာအမှန်။ဒီအလုပ်ကိုကျွန်တော်နဲ့အဆင်မပြေဘူးထင်ရင်ချက်ချင်းထွက်ပစ်လိုက်ဖို့လည်းစဉ်းစားထားပြီးသားဖြစ်တာကြောင့်ပင်။
ဆိုင်ရှေ့ရောက်တော့တံခါးပေါက်ဝက waiters လေးနှစ်ယောက်ကကျွန်တော့်ကိုပြုံးပြကာကြိုဆို၏။ကျွန်တော်မမှတ်မိပေမဲ့လူမှုရေးအရတော့ပြန်ပြုံးပြခဲ့သည်။ဆိုင်ထဲရောက်တဲ့အခါကျွန်တော်မလာတာကြာသည့်အကြောင်းဝန်ထမ်းများကပြောဆိုနှုတ်ဆက်ကြပေမဲ့ပြန်ပြုံးပြရုံကလွဲပြီးဘာကိုမှမဖြေရှင်းဖြစ်ခဲ့။
" ဟာ ငါတို့ဟွန်းလေး ဒီနေ့လာတယ်ဟေ့ "
ကျွန်တော့်အထက်အသက်အနည်းငယ်ကြီးပုံပေါ်သည့်လူတစ်ယောက်ကနှုတ်ဆက်လာတာကြောင့် ထိုလူအားမသိပေမဲ့ပြုံးပြလိုက်ရပြန်သည်။မမှတ်မိပေမဲ့ဒီလူတွေနဲ့ကျွန်တော်သိကျွမ်းခဲ့မှာအသေအချာပင်ဖြစ်နေတော့မပြုံးပြလို့လည်းဖြစ်မှာမဟုတ်။
" အဝတ်အစားသွားလဲတော့ ဆောင်းဟွန်း၊ဒီညသီချင်းဆိုအုံးမှာလား "
" ဗျာ "
ဒီ Bar မှာကျွန်တော်က waiter အပြင်သီချင်းပါဆိုတာလားဟုပြန်တွေးနေမိသည်။
" ဂျာကြီး customer တစ်ယောက်ကတွေ့ချင်လို့တဲ့ "
" ဟုတ်ပြီ လာခဲ့မယ် ၊
ဆောင်းဟွန်းရေ နောက်မှစကားသေချာပြောကြမယ် "ထိုသူကကျွန်တော့်ပုခုံးကိုတစ်ချက်ပုတ်ကာနှုတ်ဆက်ထွက်ခွာသွား၏။ဝန်ထမ်းကောင်လေး၏ခေါ်ဝေါ်မှုအရထိုလူဟာ ဒီ bar ၏ manager ဖြစ်ပုံရသည်။ကျွန်တော်နဲ့လည်းအတော်လေးရင်းနှီးခဲ့ပုံရသည်။
မမှတ်မိသည့်အကြောင်းအရာတွေကများလွန်းနေတော့ခေါင်းထဲဘာမှစဉ်းစား၍ပေါ်မလာ။ဝန်ထမ်းကောင်လေးတစ်ယောက်ကိုသာသေချာမေးမြန်း၍ဝန်ထမ်းဝတ်စုံကိုလဲလှယ်ရ၏။ထိုဝန်ထမ်းကောင်လေးမှာကျွန်တော့်ကိုအူကြောင်ကြောင်လေးပြန်ကြည့်နေသေးသည်။
YOU ARE READING
Ghost
FanfictionI want you to know that if I can't be close to you I'll settle for the ghost of you