Ghost 10

150 29 2
                                    

Flack back

ဆောနူ၏အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲကတဖြည်းဖြည်းနီးကပ်လာ၏။ကျူရှင်အကြိုအပို့၊ကျောင်းအကြိုအပို့ကိုမမကတာဝန်ယူပေးသည်။

ဆောယွန်းတို့မိသားစုကစီးပွားရေးသိပ်အဆင်မပြေ။အရင်ကချမ်းသာကြွယ်ဝမှုတွေကယခုအချိန်မှာ‌တော့ပြုတ်ပြုတ်ပြုန်းလုနီးပါးဖြစ်နေခဲ့ပြီ။ဆောယွန်းအထက်တန်းနောက်ဆုံးနှစ်ကတည်းကသူမတို့မိသားစုစီးပွားရေးတဖြည်းဖြည်းကျဆင်းလာခဲ့၏။ ဆောယွန်းအဖေရဲ့နောက်အိမ်ထောင်ဖြစ်တဲ့မိသားစုဝင်နှစ်ယောက်ပါတိုးလာလေတော့အိမ်ရဲ့ဝင်ငွေနဲ့ထွက်ငွေကကိုက်ညီမှုမရှိဖြစ်လာရသည်။

ဆောယွန်းရဲ့ကျောင်းစရိတ်နဲ့မုန့်ဖိုးစရိတ်တွေအားလုံးကိုဆောနူ၏မိဘတွေကတာဝန်ယူပေးထားသည်။ဆောယွန်းမိထွေး၏သားဖြစ်သူကပါကျောင်းသားဖြစ်နေတော့‌အဖေဖြစ်သူရှာသမျှကတက္ကသိုလ်ကျောင်းသားနှစ်ယောက်အတွက်မလောက်ငှတော့။

ဆောနူ၏မိခင်မှာလည်းမောင်ဖြစ်သူအသုံးအကျမှုကိုမြင်နေရပေမဲ့သွေးသားရင်းချာဆိုလို့ဒီမောင်တစ်ယောက်သာရှိလေတော့မျက်ကွယ်ပြုကာလျစ်လျုမရှုရက်ခဲ့။ထို့ကြောင့်တူမဖြစ်သူကိုအစအစအရာရာတာဝန်ယူပေးခဲ့သည်။

______

အဆက်မပြတ်မြည်နေသည့်ဖုန်းမြည်သံကြောင့်ဆောင်းဟွန်းနိုးလာရ၏။စားပွဲပေါ်မှဖုန်းကိုယူကာကိုင်လိုက်တော့ဖုန်းကကျသွား၏။ဖုန်းခေါ်သူကဆောယွန်းဖြစ်နေတော့ဆောင်းဟွန်းဖုန်းကိုပြန်ခေါ်လိုက်သည်။ဖုန်းကဝင်ဝင်ချင်းပင်ချက်ချင်းတန်းကိုင်လာ၏။

" ဟယ်လို ကိုကို "

" အင်း ယွန်း "

" ကိုကို့ကို အကူအညီတောင်းစရာရှိလို့ "

တွဲလာတဲ့ချစ်သူသက်တမ်း 6လအတွင်းယွန်းနဲ့ကျွန်တော်အတော်လေးအဆင်ပြေပြေရှိခဲ့သည်။ယွန်းကအလိုက်လည်းသိသည်။ကျွန်တော့်ကိုနားလည်ပေးနိုင်သူလည်းဖြစ်တော့ကတောက်ကဆရယ်လို့မရှိဖူးခဲ့။ကျွန်တော်ကိုယ်တိုင်ကလည်း
ချစ်သူတစ်ယောက်အနေနဲ့တာဝန်ကျေအောင်နေပေးခဲ့သည်။
ပေးသူယူသူညီမျှတာကြောင့်လည်းဒီအထိသူနဲ့ကျွန်တော့်ရဲ့ပတ်သက်မှုကကြာရှည်ခံခဲ့ခြင်းဖြစ်၏။

GhostWhere stories live. Discover now