Ghost 9

152 31 2
                                    

Flack back

လမ်းမထက်စက်ဘီးလေးတစ်စီးကဖြည်းဖြည်းမှန်မှန်နှင်လာနေ၏။စက်ဘီးနင်းနေသူကကောင်လေးတစ်ယောက်ဖြစ်ပြီးစက်ဘီးထိုင်ခုံနောက်တွင်လိုက်ပါလာသူကမိန်းကလေးတစ်ဦး
ဖြစ်သည်။

" ရှေ့ကလမ်းကြားထဲကွေ့လိုက် "

" ဘာဖြစ်လို့လဲ မမ "

ကျူရှင်သွားသည့်လမ်းကတစ်လမ်ဖြစ်တာမို့အမဖြစ်သူ၏စကားကို ဆောနူ စောဒကတက်စွာမေးလိုက်သည်။

" ငါပြောတဲ့အတိုင်းသာနင်းသွားစမ်းပါ "

စိတ်မရှည်သလိုပြောလာသည့်အမဖြစ်သူ၏စကားကြောင့်သက်ပြင်းချကာ ဆောနူရှေ့လမ်းကြားထဲသို့ကွေ့ဝင်လိုက်သည်။

ဆယ့်ငါးမိနစ်လောက်ကြာတဲ့အခါခပ်လှမ်းလှမ်းရှိကန်ရေပြင်ကျယ်တစ်ခုကိုမြင်လိုက်ရ၏။နေရာကလူသူပြတ်ကာတိတ်ဆိတ်လှသည်။ဒီနေရာကို ဆောနူ ယခုပထမဆုံးရောက်ဖူးခြင်းလည်းဖြစ်၏။

" ရှေ့ကကန်ဘောင်နားမှာရပ်လိုက် "

ဆောယွန်းရဲ့အ‌ပြောကြောင့်ကန်ဘောင်နားမရောက်ခင်စက်ဘီးဂီယာကိုအနည်းငယ်လျှော့လိုက်သည်။သူတို့စီးလာသည့်ဘီးကလေးမှာဂီယာပါသည့်စက်ဘီးကလေးဖြစ်၏။ထို့ကြောင့်မိနစ်နှစ်ဆယ်ကျော်နင်းလာရပေမဲ့သိပ်မပင်ပန်း။

" ဒီကိုဘာလာလုပ်တာလဲ မမ "

" ငါ့ရည်းစားနဲ့လာတွေ့တာ "

" ဗျာ "

ဆောယွန်းရဲ့စကားကြောင့်ဆောနူအလန့်တကြားဖြစ်ကာသတိလက်လွတ်ဖြစ်မိသွားသည်။စက်ဘီးဘရိတ်ကိုမညှစ်မိဘဲအရှိန်လွန်ကာစက်ဘီးရောလူပါကန်ထဲပြုတ်ကျသွား၏။
ဆောယွန်းကတော့ကန်ထဲမကျခင်ခုန်ဆင်းလိုက်တာကြောင့်ကန်ဘောင်ပေါ်ဖင်ထိုင်ရက်ပြုတ်ကျကျန်ခဲ့၏။

" အား ! "

" ဆောနူ ! "

ရေထဲတွင်စက်ဘီးကနစ်မြုပ်သွားပေမဲ့ဆောနူကတော့ရက်ကန်ရက်ကန်ဖြစ်ကာမြုပ်ချည်ပေါ်ချည်ဖြစ်နေ၏။ဆောယွန်းမှာလည်းရေကူးကျွမ်းကျင်သူမဟုတ်တာမို့ရေကန်ထဲသို့အတင့်ရဲစွာဆင်းမဆယ်ရဲ။ကန်ဘောင်ပေါ်တွင်သာဘာလုပ်ရမှန်းမသိသတိလက်လွတ်ထိတ်လန့်နေ၏။

GhostWhere stories live. Discover now