Ghost 2

306 38 2
                                    

မျက်လုံးတွေမဖွင့်သေးပေမဲ့မျက်နှာဆီနေရောင်ခြည်တချို့လာဟပ်နေခြင်းကိုတော့စိတ်ထဲကသိနေသည်။နေရောင်ခြည်အားကာကွယ်ရန်ခန္ဓာကိုယ်ကို ဆောင်းဟွန်း တစ်ဖက်စောင်းအနေအထားသို့ပြောင်းလိုက်သည်။မျက်နှာဆီလေတစ်ချက်လာဟပ်သည့်အထိအတွေ့။လေနဲ့မှုတ်လိုက်သလိုခံစားချက်ကြောင့်မျက်လုံးမှိတ်ထားလျက်ပင်မျက်မှောင်ကျုံ့လိုက်မိသည်။

ကျွန်တော့်မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါမြင်လိုက်ရသည်ကကျွန်တော့်လိုပင်ဘေးတစ်စောင်းအနေအထားဖြင့်မျက်နှာချင်းဆိုင်ဖြစ်နေသည့်မျက်နှာတစ်ခု။ကျွန်တော့်ကိုစူးစမ်းကြည့်နေသည့်မျက်ဝန်းညိုညိုတွေ။ခဏတာကျွန်တော့်အသိစိတ်တို့ဝေဝါးသွားရသည်။သေချာပြန်စဉ်းစားယူကြည့်မှဒီလူဟာကျွန်တော်တစ်ခါမှမသိဖူးသည့်သူတစ်ယောက်။ထိုအခါမှအသိစိတ်တွေပွင့်လင်းလာကာကဗျာကယာထထိုင်လိုက်မိသည်။

"မင်း မင်းဘယ်သူလဲ "

ထိုကောင်လေးသည်လည်းလှဲအိပ်နေရာမှကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထထိုင်လာသည်။ဘာစကားမှမပြောပဲကျွန်တော့်ကိုသာငေးနေသည်မှာမမှိတ်မသုန်။

" မင်းကိုမေးနေတယ်လေ မင်းဘယ်သူလဲလို့ "

ကျွန်တော့်အသံကထိတ်လန့်မှုလည်းပါသလိုစိတ်မရှည်မှုတွေလည်းပါဝင်တာကြောင့်အသံကခပ်ဆတ်ဆတ်ဖြစ်ကာအနည်းငယ်ကျယ်သွားသည်။

" ဟာ တိုးတိုးပြောပါဗျာ၊ခင်ဗျားကလည်း၊
စိတ်ကလည်းမရှည်တတ်လိုက်တာ "

သူ့နားနှစ်ဖက်ကိုအုပ်ကိုင်ကာစူပုတ်ပုတ်ပြောလာသည့်ကောင်လေး။

" ဟ ငါမေးနေတာကိုမင်းမှပြန်မဖြေဘဲ "

ထိုအခါမှမျက်နှာလေးငယ်ကျသွားသည်မှာဇီးရွက်ကတောင်သူ့မျက်နှာလောက်သေးမည်မဟုတ်။ထိုကောင်လေးတစ်ကိုယ်လုံးကစွတ်စွတ်ဖြူနေသည်။အင်္ကျီအဖြူလက်ရှည်၊ဘောင်းဘီရှည်မှာလည်းအဖြူရောင်ဖြစ်ကာ၊ဆံပင်အရောင်မှာလည်းအဖြူရောင်ဖြစ်နေ၏။အသားကပါဖြူစွတ်ဖွေးနေတော့လူဖြူကောင်လေးတစ်ယောက်အလားထင်မှတ်ရသည်။သူ့တစ်ကိုယ်လုံးမှာမဖြူတာဆိုလို့အနက်ရောင်မျက်တောင်ရှည်များနှင့်မျက်ဝန်းညိုတွေပဲရှိမည်ထင်၏။

GhostWhere stories live. Discover now