Unicode
Hoseok လက်ထဲက ဘောပင်နဲ့ စာရွက်ကို စာရေး စားပွဲခုံပေါ် ပစ်တင်လိုက်သည်။ ခုချိန်ထိ ကောင်လေး
ပြန်မရောက်သေးဘူးလား... ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ ဘေးအိမ်မှာ ကောင်လေးအခန်းကလွဲ၍ တစ်အိမ်လုံး လင်းထိန်နေသည်။ စာသင်နှစ်ရဲ့
နောက်ဆုံး ကာလတွေမှာ အဲ့လိုလည်ပတ်နေတာတော့
မဟုတ်သေး... မဟာဘွဲ့အတွက်ပြင်ဆင်နေရမှာ...
ဝါသနာပါတဲ့ ဂီတကို လုပ်တာလဲ သူ့အချိန်နဲ့သူ...
fan တွေအများကြီးရှိလို့ မဖြစ်သင့် မလုပ်သင့်တာတွေကို သူ့ဘာသာသူ နားလည်နေတဲ့အရွယ်...
ဆရာ တစ်ယောက်မို့ ကိုယ် ဆင်ခြင်ခဲ့တာထက် ခုက
သူ တမင်ရှောင်ပြီး ကိုယ့်ကို တွန်းထုတ်နေသလိုမျိုး...Kim Taehyung...
အသက် ၃ နှစ် လောက်ကွာလို့ ညီတစ်ယောက်လို
စောင့်ရှောက်ပေးခဲ့တာ ၁၀ နှစ် လောက်ရှိပြီပေါ့...
ဟုတ်တယ် ၁၀နှစ်... လွန်ခဲ့တဲ့ ၁၀နှစ်က....
.................ဘဲလ်သံကြောင့် Hoseok TV ကြည့်ရာမှ ထလိုက်သည်။
" သား သွားဖွင့်လိုက်မယ် မေမေ..."
သူ တံခါးဖွင့်လိုက်တော့ ခပ်ချောချော အမျိုးသမီးတစ် ယောက်နဲ့ စုတ်ချွန်းချွန်းကောင်လေးတစ်ယောက်....။
" အန်တီတို့က ဘေးအိမ်ကို ပြောင်းလာတဲ့ လူသစ်
တွေပါ... မေမေရှိလား .... ဆန်မုန့်ပို့ရင်း မိတ်ဆက်
ချင်လို့..."" အာ ... ဟုတ်... အထဲဝင်ပါခင်ဗျ..."
အထဲဝင်လာတဲ့ ကောင်လေးရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေး
တွေကို သူ ငေးမောရင်း အံ့ဩမိသည်။ ဒီလို ကောင်လေးငယ်ငယ်က စူးစူးရဲရဲ ကြည့်တတ်တယ်လား...
ကြောက်ဖို့ ကောင်းအောင်...
အပြန်အလှန် မိတ်ဆက်ပြီး သူ အပေါ် တက်ခဲ့သည်။
နက်ဖြန် ကျောင်းတက်ရမှာ... လွယ်အိတ်ပြင်ရင်း ကျောင်းအတူတူ အပ်ဖို့ Kim Namjoon ကိုဖုန်းဆက်ရမည်လေ....။
....................
" Hoseok...ဟိုမှာ မင်းတို့ ဘေးအိမ်ကကောင်လေး
ကျောင်းတတ်ရပြီလား..."" အင်း ဒီနှစ်စတက်မှာ... ငါတို့နဲ့ Major တူ.. "
ကိုယ့်ထက်ထွားလာတဲ့ ကောင်ငယ်လေးကို တစ်ချက်လှမ်းကြည့်ပြီး Namjoon နဲ့ကွယ်လိုက်ကာ Hoseok စာ ဆက်ရေးနေလိုက်သည်... သူအထက် တန်းပထမနှစ်မှာ သိပ်မရင်းနှီးလို့ ရှောင်ခဲ့ပေမဲ့ ဒုတိယနှစ်မှာ Hoseok က Guide လုပ်ပေးခဲ့ရသည်။ တတ်နိုင်သလောက် တင်းတင်းနေရင်း စည်းကမ်းတွေများစွာကို တိတ်တိတ်ဆိတ်ဆိတ် လက်ခံပေးတဲ့ Kim Taehyung က Hoseok စိတ်ထဲ တပည့်အလိမ္မာလေး.... ခုလဲ စာဆက်သင်ပေးရဦးမှာ... သူက ပထမနှစ် ကိုယ်က ဂုဏ်ထူးတန်း ဒုတိယနှစ်....။
YOU ARE READING
Doubt
Fanfictionတစ်နေ့နေ့ ထားသွားမှာဆိုတဲ့ သံသယက ကိုယ့်ကိုကိုယ် အေးစက်မာထန်သွားစေတာ... တကယ်တော့ ငါ ကြောက်နေတာ... အဲ့ဒီ သံသယကြီးနဲ့ ငါ ကြောက်နေတာ..... Jung Hoseok တစ်နေ့နေ့ ထားသွားမှာဆိုတဲ့ သံသယက ကိုယ့်ကိုကိုယ် အေးစက်မာထန်သွားစေတာ... တကယ်တော့ ငါ ကြောက်နေတာ... အဲ့ဒီ...