Doubt 4

197 32 10
                                    


Unicode

အိပ်ရာနိုးတော့ ၆နာရီ... အရင်ဆုံးတွေးမိတာ Hoseok Hyung တို့ Ulsan သွားတာစာတမ်းဖတ်ပွဲ... Ilsan က ဘာကိစ္စ... မြန်မြန် ပြန်လာရမှာကို...
ညကလဲ အဲ့အတွေးနဲ့ Game တောင်မဆော့နိုင်...
အိပ်ရာထဲကလူးလဲထပြီး မျက်နှာသစ်လိုက်သည်။
Yoongi Hyung အခန်းဘက်ထွက်လိုက်တော့
ဧည့်ခန်းထဲမှာ သူက ငုတ်တုတ်...။

" ဟာ Hyung အစောကြီးနိုးနေတာလား.."

" အေး ညက အစောကြီးအိပ်မိလို့ ... လေယာဉ်မှာလဲ
တစ်ချိန်လုံး အိပ်လာတာ.... "

" မျက်ကွင်းညိုနဲ့ အိပ်ရေး ဝနေတာ..."

" အတူတူကို ငါ့လာ ပြောနေတယ်... မျောက်ခေါင်း
ရုပ်... တစ်ညလုံး မအိပ်ဘူးလား..."

" ရည်းစားရှိတော့ ရည်းစားကိုလွမ်းလို့ အိပ်မပျော်
ဘူး.. Hyung က ရောဘာဖြစ်..."

" အိပ်ရာ အပြောင်းအလဲကြောင့်ဖြစ်မယ်..."

ပြောပြီးငြိမ်နေတဲ့ Yoongi Hyung ကို Taehyung ငေးကြည့်နေလိုက်သည်။ ရောက်ခါစ တက်ကြွမှုက ဘယ်ရောက်....

" Hyung... Hoseok Hyung နဲ့ အတော်ရင်းနှီး
လားဟင်..."

" အင်း... ရင်းနှီးတယ်..."

" သူ့ အကြောင်းပြောပြ..."

" ၁၀နှစ်လောက် အိမ်နီးချင်းဖြစ်နေတာ သူ့
အကြောင်းမသိဘူးလား.... ငါ က အဝေးကြီး..."

" ကျောင်းအတူတူ တက်ခဲ့တယ်ဆို... ပြီး သူ့နားမှာ
Kim Namjoon က ကပ်လွန်းလို့ ငယ်ငယ်ကရော
ဘယ်လိုလည်းသိချင်တာ... "

" Hoseok ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို ဦးလေးတို့
သိလား..."

" ဟုတ်... ကျွန်တော့်ကို စာသင်ပေးဖို့ အမေစကား
သွားစတော့ Mr. Jung တို့က ပြောပြလိုက်တာ...
ကျွန်တော်က လူကြီးတွေစကား ဆရာ့စကား အကုန်
နားထောင်ပြီး စာကြိုးစားပါ့မယ်လို့ ကတိပေးခဲ့တာ
ပေါ့... အဖေရော အမေရော ကျွန်တော် Hoseok
Hyung ကို သဘောကျတာ ရိတ်မိပုံရတယ်....
Idol ဖြစ်ပြီးမှ ရည်းစားစကား သွားပြောတာ Final
ဂုဏ်ထူးတန်းပြီးမှ တွဲကြမယ်လို့ အဖြေပေးတယ်..
နှစ်ဖက် မိဘတွေက နှစ်ယောက်စလုံးရဲ့
Professional အလုပ်တွေနဲ့ ပတ်သက်ပြီး သိုသိပ်
ဖို့အပြင် ဘာမှ မပြောဘူး..."

Doubt Where stories live. Discover now