Unicode
တံခါးခေါက်သံကြောင့် Hoseok ကုတင်ပေါ် လှဲနေ ရာမှ ထလိုက်သည်။ Namjoon ပြန်လာတာမြန်တယ်ဆိုတဲ့အတွေးက တံခါးဖွင့်ပြီးချိန်ပျက်ပြယ်သည်။
" Yoongi Hyung..."
" မတွေ့ရတာ ကြာပြီနော် Hoseok..."
" လာ အထဲဝင် Yoongi Hyung ... ကျေးဇူးပါ.."
ပြန်ထွက်သွားတဲ့ Bellboy လေးကို နှုတ်ဆက်ရင်း Yoongi Hyung ကို အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။ Yoongi Hyung က Hoseok ရဲ့ ခေါင်းစခြေဆုံးကို ကြည့်ရင်းငိုသည်။
" Hyung ဘာဖြစ်လို့လဲ... မငိုပါနဲ့..."
" ကောင်းကောင်း ကြီးပြင်းလာခဲ့လို့ ကျေးဇူးတင်
တယ် Hoseok... ငါ မင်းကို အားနာနာနဲ့ စိတ်ပူ
နေခဲ့တာ... ငါ့ကြောင့်..."" အာ Hyung ကြောင့်မဟုတ်ပါဘူး... ဖြစ်ချင်လို့
ဖြစ်သွားတဲ့ ကျွန်တော့်ရဲ့ ကံကြမ္မာပါ... ဖြစ်ကာစ
က အခြားသူကို အပြစ်တင်မိပေမဲ့ ကြာလာတော့
ကိုယ့်ကံ ဆိုပြီး ဖြေသိမ့်တတ်လာတယ်... ပြီး
Hyung နဲ့ Namjoon ကို အားနာလွန်းလို့
ရူးမတတ်ပဲ..."" ဒီ ၁၁နှစ်အတွင်း ငါ Joon ကိုလွမ်းတိုင်း မင်း
ကြောက်ရွံ့ နာကျင်နေတဲ့ပုံနဲ့ ကိုယ့်ကိုကိုယ် ဆုံးမ
ဆင်ခြင်စေခဲ့တာ... ငါ..."" ရပ်လိုက်တော့ Hyung... ကျွန်တော်လည်း ပညာ
ဆုံးခန်းတိုင်ရုံမက ဘွဲ့လွန်အထိရောက်နေပြီ...
ကိုယ့်ဝါသနာပေမဲ့ Namjoon ဆွဲခေါ်ပေးခဲ့တာ...
လုံလောက်တာထက်ပိုနေပြီမို့ သူက ငြင်းလည်း
Hyung ကဆွဲထားပေးပါ... သူလည်း Hyung
ကို လွမ်းနေခဲ့ရှာတာ..."Yoongi Hyung ထံမှ ရှိုက်သံတိုးတိုး.... Hoseok
နေရာမှထကာ မျက်ရည်သုတ်ဖို့ Tissue box လေး
ယူပေးလိုက်သည်။ မျက်နှာထားတင်းပြီး ခပ်စွာစွာလူတစ်ယောက်နဲ့ မျက်ရည်က မလိုက်ဖက်..." အင်း... ငါ Namjoon ကို လက်မလွှတ်တော့ဘူး
ပြီး နောက်ထပ်အမှားမဖြစ်အောင်လည်း ကြိုးစား
မယ်... ဒီ ၁၁နှစ် အတွင်း Namjoon မင်းကို
စောင့်ရှောက်ခဲ့ပြီးပြီမို့ ခု ငါ့ ပြန်ပေးလို့ရတယ်
မဟုတ်လား..."မျက်ရည်သုတ်ပြီးတာနဲ့ Min Yoongi မျက်နှာပြောင်ချက်... Hoseok ပြုံးရင်းသာ ခေါင်းညိမ့်ပြလိုက်သည်။
YOU ARE READING
Doubt
Fanfictionတစ်နေ့နေ့ ထားသွားမှာဆိုတဲ့ သံသယက ကိုယ့်ကိုကိုယ် အေးစက်မာထန်သွားစေတာ... တကယ်တော့ ငါ ကြောက်နေတာ... အဲ့ဒီ သံသယကြီးနဲ့ ငါ ကြောက်နေတာ..... Jung Hoseok တစ်နေ့နေ့ ထားသွားမှာဆိုတဲ့ သံသယက ကိုယ့်ကိုကိုယ် အေးစက်မာထန်သွားစေတာ... တကယ်တော့ ငါ ကြောက်နေတာ... အဲ့ဒီ...