Doubt 6

122 25 10
                                    

Unicode

ရေချိုးခန်းမှ Hoseok ထွက်လာတော့ Namjoon က ရေချိုးခန်းထဲ အမြန်ပြေးဝင်သည်။ ပျက်နေတဲ့
မျက်နှာကို သတိထားမိပေမဲ့ ပြန်ထွက်လာမှ မေးတော့မည်။ Hoseok အဝတ်အစားတွေ ထုတ်ဝတ်ပြီး phone ထဲက ဓါတ်ပုံတွေကို social media မှာတင်လိုက်ရင်း သတင်းတွေရှာဖတ်လိုက်သည်။

" ဟင်... Taehyung ဘာဖြစ်..."

သတင်း ဟိုတစ်စ သည်တစ်စမှာ Taehyung နဲ့ Jungkook တို့ရဲ့ Dating new... Taehyung
ကိုယ်တိုင် ဝန်ခံသွားပြီ ဆိုတဲ့ အကြောင်း...

" Taehyung ကလေ..."

ရုတ်တရက် အသက်ရှူ ရပ်တန့်သွားသည်... မျှော်လင့်ခဲ့ပေမဲ့ အခုလို သစ်စိမ်းချိုးတော့မဟုတ်... ကြိုတင်ပြင်ဆင်မှုရှိခဲ့လည်း လဲပြိုမှုက ပြင်းပြင်းထန်ထန်...
မဝံ့မရဲ ဖုန်းခေါ်တော့ စက်ပိတ်ထားတာနဲ့တိုးသည်...
ဘာလို့ ကြိုမပြောခဲ့တာလဲကွယ်... ကြည်ဖြူစွာ နောက်ဆုတ်မှာပါ Taehyung ရယ်... အကိုတစ်ယောက်လို ဆရာတစ်ယောက်လို မင်းကို စောင့်ရှောက်
ပေးချင်သေးတာကို....

" Hoseok... Hoseok မင်းဘာဖြစ်တာလဲ..."

ရေချိုးခန်းမှထွက်လာတဲ့ Namjoon က ကုတင်ပေါ်
လဲပြိုကျနေတဲ့ Hoseok နားပြေးလာရင်း မေးသည်။

" ဘာမှမဖြစ်ဘူး Namjoon... မင်း အဝတ်အစား
အရင်ဝတ်... ပြီးမှပြောမယ်..."

ဟန်ဆောင်ကာ ခါးကို မတ်လိုက်ရင်း Hoseok လှမ်းပြောတော့ Namjoon အဝတ်အစား ကဗျာကယာ
ဝတ်သည်။ စေ့စေ့တွေးမှ သူများသိနေလို့ မူပျက်နေတာလား...

" ပြော Hoseok... ငါ ပြီးပြီ..."

" Taehyung...
Taehyung က Jeon Jungkook နဲ့ ..."

စကားတို့က ကို့ရို့ကားယား တို့လို့တန်းလန်း...

" မဟုတ်လောက်ပါဘူးကွာ... မင်း ဖုန်းဆက်ကြည့်
ဦး.."

" Taehyung ကိုယ်တိုင် ပြောသွားတာတဲ့...
သူ့ဖုန်း စက်ပိတ်ထားတယ်... သီးသန့်ဖုန်းက
ဧရိယာ ပြင်ပ... ငါ ဘာမှ မဖြစ်ဘူး Namjoon
Taehyung က ငါ့ထက်ပြည့်စုံတဲ့သူနဲ့ပဲ ထိုက်တန်
တာ... မင်း သိနေတယ်မဟုတ်လား... "

" ငါလည်း ခုနကမှ Line ဖွင့်ရင်းသိတာ...
အခုတောင် အဲဒီကောင်ကို သွားသတ်ချင်နေပြီ..."

Doubt Where stories live. Discover now