Doubt 2

251 39 2
                                    

Unicode

" ရတယ် အဒေါ်ကြီး... ကျွန်တော် မမူးဘူး..."

တံခါးဖွင့်ပေးတဲ့ အဒေါ်ကြီးကိုပြောပြီး Taehyung အခန်းသို့ ဦးတည်လိုက်သည်။ အခန်းတံခါးဖွင့်ကာ မီးခလုတ်ဖွင့်ပြီး ပြတင်းပေါက် လိုက်ကာကို သွားဖယ်လိုက်သည်။ သူတို့တစ်အိမ်လုံး မီးမှောင်နေပြီ...
နာရီလက်တံတိုက ၁ ကို စွန်းနေမှ စောစောထတတ်တဲ့လူသားက အိပ်ပြီပေါ့...ဒီနေ့ညနေ ရုတ်တရက်ထွက်လာဖြစ်တာ Hoseok Hyung ကို မပြောခဲ့ရ...
ဂုဏ်ပြုညစာစားပွဲနေ့က လာကူညီဖြေဖျော်ပေးတဲ့
Jeon Jungkook တို့အဖွဲ့နားကပ်နေလိုက်တာ
ဆရာ Jung Hoseok ကို ပစ်ထားသလိုဖြစ်တာသိ
လိုက်သည်။ သူမအား ကိုယ်မအားနဲ့ မတွေ့ဖြစ်...
တစ်လလောက် ဖုန်းလဲမခေါ် message လဲမပို့... တကယ်နေနိုင်တဲ့လူ...
သူကိုယ်တိုင်လဲမချွဲ ကိုယ့်ကိုလဲချွဲခွင့်မပေး....
အဲဒီ အေးစက်စက် မာထန်ထန် လူကိုမှ ဘယ်လိုချစ်မိ မှန်းမသိတဲ့ ကျွန်တော် Kim Taehyung ....
မပြောင်းလဲဘဲ ချစ်ခဲ့တာ ၁၀ နှစ်...
.........................
" သားလေး... မေမေ ဘေးအိမ်တွေဆန်မုန့်သွားပို့
မလို့.. လိုက်ဦးမလား..."

" အင်း လိုက်မယ်... ကစားဖော်ရှာရအောင်..."

Taehyung ဂိမ်းစက်ကို ချပြီး မေမေ့လက်ထဲက အထုပ်အချို့ကို လှမ်းယူလိုက်သည်။ အိမ်သစ်မှာ သူငယ်ချင်း အသစ်ရှာရမည်။ မျောက်လောင်းဖော် တော့ရှိမှ...

" စိတ်ပျက်နေပြီလား သားလေး..."

Taehyung ခေါင်းခါပြလိုက်သည်။ ၄ အိမ်ဝင်ခဲ့တာ
ရွယ်တူမတွေ့လို့ မျက်နှာမဲ့နေပြီ...

" ဒီအိမ်ပြီးရင်ပြန်မယ်နော်..."

မေမေက ခေါင်းညိမ့်ပြရင်း လူခေါ်ဘဲလ်ကိုနှိပ်လိုက်သည်။ ဒီပုံနဲ့ ဒီရပ်ကွက်မှာ ပျော်ပါ့မလား တွေးရင်းပွင့်လာတဲ့ တံခါးနောက်ကို Taehyung ချောင်းကြည့်လိုက်သည်။
အာပါး.... ချောလိုက်တဲ့ကောင်လေး....
Taehyung ငေးမောကြည့်ရင်းအိမ်ထဲရောက်ခဲ့သည်။ နှာတံချွန်ချွန်လေးရယ် မျက်လုံးလှလှလေးတွေ
ရယ် ... ငေးကြည့်မိလို့ တင်းမာသွားတဲ့သူက ကိုယ့်ထက် ၃နှစ်ကြီးတဲ့ Jung Hoseok... အင်း ကိုကိုပေါ့
Taehyung မပျင်းရတော့ဘူးရယ်...
............................

Doubt Where stories live. Discover now