Doubt 3

225 44 10
                                    

Unicode

Seoul ကစထွက်ချိန် ဆရာ Shin မောင်းပြီး Namjoon က ယာဥ်မောင်းဘေးခုံထိုင်တာမို့ Hoseok အိပ်လိုက်ခဲ့ရသည်။ ပထမ ယာဥ်ရပ်နားစခန်းကပြန်ထွက်တော့ Hoseok ကမောင်း
ဆရာ Shin က ဘေးမှာထိုင်စကားပြောပြီး Namjoon က အနားယူ .... ခပ်တိုးတိုးဖွင့်ထားတဲ့ သီချင်းသံက Taehyung ရဲ့ သီချင်း... Namjoon ထည့်ထားခဲ့တာဖြစ်မယ်...

" Hyoseob Hyung သီချင်းမကြိုက်ရင် လဲနော်..
ကျွန်တော်က သီချင်းတွေ သိပ်မသိဘူး..."

" သီချင်းတွေသာ နားထောင်တာ Hyung လဲသိပ်မ
သိဘူး... ဒီသီချင်းက ကျောင်းက တို့ မေဂျာ King
လေး ဆိုထားတာ... Namjoon က သီချင်း
ကောင်းတွေ သိတယ်... သူဖွင့်ထားတာပဲထားလိုက်
မယ် "

နေထွက်လာတော့ ပတ်ဝန်းကျင်ရှုခင်းက လှလာသည်။
ဒုတိယယာဥ်ရပ်နားစခန်းမှာ Breakfast စားပြီး ပြန်ထွက်တော့ Driver က Namjoon... ဆရာ Shin
က မိတ်ဆွေတစ်ယောက်နဲ့ နှုတ်ဆက်နေတာမို့ Hoseok ကားစက်နိုးနေတဲ့ Namjoon ဘေး ဝင်ထိုင်လိုက်သည်။ ထွက်လာတဲ့ သီချင်းသံကြောင့် Namjoon ပြုံးသည်။

" မင်း အတော်ဖြစ်နေတာပဲ... ပြောရင်တော့ မကြိုက်
တာကြီးပဲ..."

" မင်း ဖွင့်ထားတာလေ...ငါဖြင့်သီချင်းတွေမသိတာ.."

မျက်စောင်းဝင့်ကာပြောတော့ Namjoon က ခေါင်းခါရင်း ရယ်သည်။

" ဒီသူငယ်ချင်းလေးကို သူများပေးလိုက်ရမှာ နှမျော
လိုက်တာ..."

" မင်းကရော တစ်ယောက်တည်း နေမှာမို့လား...
Hyoseob Hyung လာနေပြီ.."

" သူလဲ မင်းကို သဘောကျနေပုံပဲ..."

" ငါ ကြည့်ရှောင်မယ်... တော်တော့ဆို..."

ဆရာ Shin ကားပေါ်ရောက်လာတော့ ကားလေးက Ulsan သို့ ဦးတည်သည်။ ၁၂နာရီ စမဲ့ စာတမ်းဖတ်ပွဲ မှာ ပြင်ဆင်ဖို့ အချိန်ရအောင် ၉နာရီခွဲ နောက်ဆုံးထားပြီး ရောက်နေရမှာ.... ၄ နာရီနီးပါး မောင်းရတဲ့ခရီးအတွက် ၅ နာရီမထိုးခင်ကတည်းက သူတို့ Seoul မှ ထွက်ခဲ့ကြရတာ... ဒီအချိန် Kim Taehyung အိပ်နေတုန်းဆိုတာ သံသယဖြစ်စရာမရှိ... ညက Jeon Jungkook နဲ့အတူပျော်နေတာ အိမ်အပြန် နောက်ကျမှာ အသေအချာ... မတွေးမိ အောင်နေမယ်ဆို တွေးမိပြန်ပြီ...

Doubt Where stories live. Discover now